"မောင်ဘေးနားမှာရှိနေသည့်တိုင် မောင်မရှိတော့ဘူးဆိုတဲ့အသိက ခြောက်လန့်နေတာမို့,...အကိုပြောမယ်....မောင်သာမရှိရင် အကိုတကယ်ရူးမှာ "
ရတု အကို့ရင်ခွင်ထဲမှာပဲမှေးစက်လျက်။ အကို့ စကားသံများက နားစည်ထဲကို ကြားခံနယ်မရှိ ကူးလူးလာသယောင်။
"အရမ်းချစ်တယ် မောင်ရယ်....အကို့ကိုထားမသွားပါနဲ့....."
ရင်ခွင်ထဲမောင့်မျက်နှာလေးကိုဆွဲသွင်းလိုက်တော့ အလိုက်သင့်လေးပါလာတဲ့ကိုယ်လေးက အားမပါတော့သလိုပင်။
"ချစ်လား ... အကို့ကို"
"ချစ်တယ်"
ရင်ခွင်ထဲက ကောင်လေးက အသံတိုးတိုးေလးထွက်လာတော့ မေးစေ့လေးကနေ လက်တစ်ဖက်နဲ့ဆွဲယူလိုက်မိသည်။
"မနက်ခင်းတိုင်းကို မောင်နဲ့ပဲတူတူနိုးထချင်တယ်...တစ်ဘဝလုံးစာဆိုတဲ့စိတ်က လောဘပိုတက်လာစေသလားတော့မသိဘူး မောင်ရယ် မောင့်ကို အိမ်ထဲမှာပဲဖွက်ထားချင်မိတယ်...ဟင်...အဲ့လိုဆိုရင်ရော နေမှာလား"
ရတု အကို့မျက်နှာကိုမော့ကြည့်လိုက်တော့ အကို့မျက်လုံးများက နီစွေးလျက် ဝမ်းနည်းနေသယောင်။
"ကျွန်တော် မထားခဲ့ပါဘူး....."
"နမ်းပါဦး"
လက်ညှိုးနဲ့ နှုတ်ခမ်းကိုထိုးပြနေတဲ့ အကို့မျက်နှာထက် ရတု ခပ်ဖွဖွအနမ်းလေးပေးလိုက်သည်။
"မရဘူး နမ်း...ဒီကို"
အကိုက အခုလိုမျိုးကျတော့ ကလေးလေးလိုပင်။ သူလိုချင်တဲ့အရာကိုမရမချင်းပူဆာနေမည့်ပုံ။
"ပြွတ်စ်...အွတ်"
ခပ်ဖွဖွအနမ်းကို လျင်မြန်စွာပင် မော်ကွန်း အခွင့်ကောင်းယူပြီး မနက်ခင်းအနမ်းရှည်တစ်ခုစတင်ဖန်တီးလိုက်သည်။ ထိုးသွင်းလာတဲ့ လျှာဖျားများကအတိုင်းအဆမဲ့ ထွက်ပေါက်တစ်ခုကိုလိုက်ရှာနေသည့်နှယ်။
"ဟင်းးးး.....ဒီအနမ်း...ဒီအထိအတွေ့တွေကို အရမ်းလိုချင်ခဲ့တာ အိမ်မက်တစ်ခုလိုပဲ..."
နမ်းရှိုက်ထားသော နှုတ်ခမ်းပါးများကို လက်နဲ့အသာလေးပွတ်တိုက်လိုက်တော့ နီစွေးစွေးအနေအထားကနေ အရောင်ပြောင်သွားတော့သည်။