"လက်ထပ်ရအောင်...မင်းအကို့ကို လက်ထပ်ရမယ် မောင်... မင်းကိုလက်မထပ်ရသေးသ၍တော့ ဒီလိုတွေဖြစ်နေဦးမှာပဲ..."
ရတု ကြမ်းပြင်ကိုသာ စိုက်ကြည့်နေမိတော့သည်။ သူအဆင်သင့်မဖြစ်သေးဘူးဆိုတာ သူကိုယ်တိုင်လဲသိသလို အကိုလဲသိ၏။
ပတ်ဝန်းကျင်မှာလဲ သူကိုယ်တိုင်ဂေးတစ်ယောက်ဆိုတာကို မသိစေချင်သေးပေ။ နောက်ပြီး မမအခြေနေကလဲ သူရှိနေပေးမှရမည်။ ရတုပြောရရင် ကလေးလိုပဲနေချင်သေးသည်။
အကိုနဲ့သာ အတိလင်းလက်ထပ် လိုက်မယ်ဆို သူရဲ့အရာရာတိုင်းဆုံးရှုံးရမည်ဆိုတာတစ်ရာရာခိုင်နှုန်းသေချာနေသည်။
"မနက်ဖန် လက်ထပ်ရအောင်..."
"ဟမ်.."
"အကိုတို့ မနက်ဖန် လက်ထပ်ရအောင်..."
စကားတစ်လုံးချင်းစီတိုင်းက ရတုရဲ့ နားစည်ထဲ ခပ်ပြင်းပြင်း ရိုက်ဝင်နေသလိုပင်။
"မင်း ငြင်းလို့မရဘူးမောင်... ဒါအမိန့်ပေးနေတာ တောင်းဆိုနေတာမဟုတ်ဘူး..."
လူနှစ်ယောက်လက်ထပ်ခြင်းဆိုတာ အဲ့လူနှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကြောင့်ပင်မဟုတ်လား....
ရတု အနေနဲ့ဒီအခြေအနေကို လက်မခံနိုင်ပါ..
လက်မခံနိုင်ဘူးဆိုတာထပ် သူလက်ကိုမထပ်ချင်သေးတာပင်။
"အကို... စိတ်မလောပါနဲ့ ကျွန်တော်တို့ အချိန်တွေ အများကြီးယူလို့ရတာပဲ...ပြီးတော့မမ မမရဲ့အခြေအနေကို ပြောထားတဲ့အတိုင်း သူအဆင်ပြေအောင် သူ့နားနေပေးချင်သေးတယ် အကို ကျွန်တော့်ကိုနားလည်ပေးပါ.."
"လာပြန်ပြီ မင်းအမ လင်ကောင်မပေါ်ပဲဗိုက်ကြီးတာကို မင်းကဘာကို ကာကွယ်ချင်နေတာလဲ..."
"ကျွန်တော့် အမပဲလေ..."
"ဟက် .... ဒေါသပြန်မထွက်ချင်ဘူးနော်...မနက်ဖန်တွက် အကုန်ပြင်လိုက်မှာမို့ မင်းအမကိုလဲ အသိမပေးနဲ့... ငါတို့နှစ်ယောက်နဲ့ရှေ့နေအသိသက်သေ နှစ်ယောက်ပဲ အကျဉ်းချုပ်လုပ်မယ်..."
မဖြစ်ဘူး...သူ့ဘဝကဒီလိုလူ လက်အောက်မှာ...လက်ထပ်ခြင်းဆိုတာထပ် ထိန်းသိမ်းခံရမည့် အနေအထားကျရောက်သွားမည်ကို တွေးလိုက်တာနှင့်ပင် သတ်သေချင်စိတ်ပေါက်သည်။