" ရတု နင် အိမ်ပြန်လာမှ ဖြစ်မယ် အဖွားဆုံးပြီ...."
လက်ထဲမှာကိုင်ထားတဲ့ဖုန်းလေးက တုန်ခါလျက်။ မျက်ရည်တို့က အလိုလိုကျဆင်းလာတော့၏။
*တောက်စ်*
ကျယ်လောင်သော တောက်ခေါက်သံနောက်မှာ ရတု မျက်ရည်များ ပို၍ ကျဆင်းလာလေတော့သည်။
¢¢¢¢¢
"မနက်ကဘဲ အကောင်း ခုဏလေးတင် တရားထိုင်မယ်ဆိုပြီးပြောနေတာ ရုတ်တရတ်ဖြစ်သွားမယ် လို့ တကယ်မထင်ထားခဲ့ဘူး.."
"မယုံနိုင်ဘူး မမရယ်...သား...သား"
စကားကိုပင် ဆက်မပြောနိုင်သည်အထိ လည်ချောင်းထဲ အလုံးကြီး ခံနေတော့သည်။
"ဟင်း....အဖွားကဘာရောဂါမှ မရှိဘူးလေ...ဟင်မမ..မဖြစ်နိုင်ဘူး..."
ရတု မမဖုန်းဆက်ကတည်းက အခုထိ အငိုမရပ်နိုင်သေး။ ဦးနှောက်က လက်မခံနိုင်သေးတဲ့ အခြေအနေမို့ အဖွားဆုံးတာကို သူလက်မခံနိုင်ပါ။
"ဆရာဝန်ပြောတာတော့ ဆီးချို့စောင့်တက်သွားတယ် ပြောတယ်..."
မမ အသံက တိုးညှင်းစွာ ။ သူတို့နှစ်ယောက်လုံးရဲ့ အဖေဆိုလဲဟုတ် အမေဆိုလဲဟုတ်တဲ့ တစ်ဦးတည်းသော အဖွားက ဒီလိုရုတ်တရတ်ဆုံးမယ်လို့ တခါမျှ မတွေးဖူးခဲ့ချေ။
ရတု အချစ်ဆုံး အဖွားရဲ့ နောက်ဆုံးအချိန်မှာတောင် အနားမှာ မရှိနိုင်ခဲ့။
အဲ့ဒါ ခင်ဗျားကြောင့်....
ခင်ဗျား ကြောင့် ကျုပ်အဖွားကို မေတွ့လိုက်ရတာ...
@@@
"ခင်ဗျား ကျေနပ်ပြီလား..ဟမ်..."
"ဘာကိုလဲ..."
"ခင်ဗျားက ဒီလိုဖြစ်စေချင်နေတာမလား..ခင်ဗျားက ကျွန်တော်ချစ်တဲ့သူတွေနဲ့ ဝေးတာကိုလိုချင်နေတာမလား...ဟမ်..."
ရတု ပြောနေရင်းပင် မျက်ရည်စများ ထပ်ကျလာတော့သည်။
"မောင်... မင်းပြောတာ နားမလည်ဘူး..."
"ကျုပ်အဖွားဆုံးပြီ..."
'ဟမ်'
"ဟုတ်တယ် ... အဖွားဆုံးပြီ...ခင်ဗျားကိုကျုပ်ပြောတယ်မလား မနေ့ကတည်းက ကျုပ် အိမ်ပြန်မယ်လို့ပြောတယ်လေ ... အိမ်သာပြန်ခဲ့ရင် အဖွားဒီလို...ဟာ ကွာ..."