သုံးရက်မြောက်နေ့ ...
သုံးရက်တိတိရှိခဲ့လေပြီ။ ဖုန်းထဲက call history listက သူ့ကိုလှောင်ပြောင်နေသလို...
Message boxထဲကစာတချို့ဟာလည်း ခြောက်ကပ်နေတော့သည်။
နာရီကိုသာ ငေးကြည့်နေမိတော့ ဘယ်အချိန်ရှိသွားပြီလဲကိုပင် ဦးနှောက်ကမစဉ်းစားတတ်တော့ချေ။
ဒါ ဒုတိယအကြိမ်...သူ့ဘဝရဲ့ အနာကျည်းရဆုံး ခွဲခွာခြင်းမျိုး....
ပထမဦးဆုံး သူ့ကို မေမေထားသွားခဲ့တော့ ဝမ်းနည်းမိသည်။ သိုပေမယ့် သူ့အမှားတော့ မဟုတ်ဘူးမလား.... မေမေ့အမှားပဲလေ...မေမေက သူ့ကိုမချစ်လို့ စွန့်ပစ်ခဲ့ခြင်းမျိုးမလား...
မောင်ကရော မောင်ကရော ဘာဖြစ်လို့များလဲ...
တကယ်ပဲ စွန့်ပစ်သွားခဲ့တာလား....ခဏတာ ပျောက်ကွယ်သွားခြင်းမျိုးလား..သုံးရက်ဆိုတဲ့ရက်ကာလက ကြာလိုက်တာ မောင်ရယ်...
ဘာလို့ အကို့ကို အခုလိုပုံစံမျိုးနဲ့ထားသွားခဲ့ရတာလဲကွာ အကို့ကိုလက်မထပ်ချင်ရအောင် အကိုဘာတွေများ မောင့်အပေါ် ဖောက်ပြားခဲ့ခြင်းမျိုးရှိခဲ့သလဲ...
သုံးရက်တိတိ နေရာအနှံ့လိုက်ရှာနေပေမယ့်လဲ တိတိကျကျမသိရချေ။ သူငယ်ချင်းတွေအိမ်ထိ ရောက်သော်လည်း ရတုနှင့် အဆက်သွယ်မရတာကြာပြီလို့သာ သိရသည်။
"အဲ့ကောင်မ မသိစရာအကြောင်းမရှိဘူး ငါ့ကို လိမ်တာ ဟုတ်တယ်"
မော်ကွန်း တစ်ယောက်တည်းရေရွတ်ရင်း ကားသော့ကို ဆွဲယူကာ ရတုအမအိမ်လေးဆီသို့!!!
****
"ဖိုးသား ဘာလုပ်နေတာလဲ..."
"ဆော့နေတာလေ...ဟီး..."
သွားလေးတွေအကုန်လုံးပေါ်အောင်ထိရယ်ပြလာလေသည်။
ရတု ထိုကလေးရဲ့ ပါးလေးကိုဆွဲညှစ်လိုက်သည်။
သူ ဒီကိုရောက်ကတည်းက စိတ်လွတ်လပ်နေသည်ကတော့ အမှန်ပါ။
အကိုနဲ့နေရသလို စိတ်မကျဉ်းကျပ်ရဘူးလေ။မရောက်တာလဲ ကြာပြီဖြစ်တဲ့ နေရာလေးမို့ ပတ်ဝန်းကျင်အသစ်လိုဖြစ်နေတော့သည်။ ဘွားမဆုံးခင်ကတည်းက မရောက်ဖြစ်ပေမယ့်လည်း ငယ်စဉ်ကတည်းက ဒီမှာပဲ ကြီးပျင်းလာရတာကြောင့် သိပ်တော့မစိမ်းပေ။
ဘွားရဲ့ အမဖြစ်သူ ကွယ်လွန်သွားပြီးနောက် သမီးဖြစ်သူနဲ့ယောကျာ်းနဲ့ ကလေးသာ ကျန်ခဲ့လေသည်။ သူ့ရဲ့တဝမ်းကွဲအေဒါ်ဆိုပေမယ့်လည်း ရတုကို ငယ်စဉ်ကတည်းက ထိန်းကျောင်းပေးလာတာမို့ အတော်လေး သံယောဇဉ်ရှိသည်။ သူရောက်တဲ့နေ့ကတည်းက ဘားမှမမေးပဲ ဧည့်ဝတ်ကျေကျေ စောင့်ရှောက်ပေးတာကိုပင် အထူးကျေးဇူး တင်မိပါသည်။ ရတုအနေနဲ့ အခြားသွားစရာ နေရာလည်းမရှိဘူးမလား....
ဒီရွာကလေးက အေးချမ်းသာယာလှသည်။ လူသူလည်းအများကြီးမရှိတာမို့ ရတုတွက်တော့ စိတ်ထွက်ပေါက် တစ်ခုထက်ပိုပါသည်။
ဒီချိန်ဆို အကိုရော ဘာများလုပ်နေမလဲ...
Simcardကိုလည်း ပြောင်းထားတာမို့ သူ့ကိုဆက်သွယ်နိုင်မှာတော့မဟုတ်ပေ။
"ငါအရမ်းချစ်ရတဲ့သူရှိတယ်သိလား ဖိုးသား... သူကလေ ငါ့ကိုအရမ်းချစ်တာ"
မျက်လုံးလေးကလယ်ကလယ်နှင့်ပင် ဖိုးသားက သူ့ကိုမော့ကြည့်လာလေ၏။
"အဲ့အချစ်ကိုပဲ ငါကကြောက်လာတာ ...သူကငါ့ကိုအရမ်းချစ်သလို အရမ်းလဲတန်ဖိုးထားတယ် အရမ်းလည်းမြတ်နိုးတယ် ဒါပေမယ့် သူ့ကိုယ်သူတော့ ငါ့ထက်ပိုချစ်တယ်....တခါတလေ အရမ်းကောင်းပြီး တခါတလေကျတော့ ဆိုက်ကိုလိုပဲ...ငါကြောက်တယ် သူ့ကို..."
"ဟီး ဆိုက်...ဆိုက်ကိုကဘာလဲ..."
"အချစ်မှာရူးရူးမူးမူး ကျရှုံးသွားတဲ့ သူပေါ့ကွာ..."
*************