7

1K 55 0
                                    

ဒီနေ့က Emajor စာပေဟောပြောပွဲရှိတဲ့နေ့မို့ ရတုမောင်တို့ အတန်းချိန်စောစောပြီးသွားလေ၏။ စာပေဟောပြောပွဲရှိတဲ့နေ့‌တွေဆို Tutorial လည်းမရှိတာကြောင့် စာသင်ချိန်နည်းသည်။ ရတုတို့ သူငယ်ချင်းတွေကတော့ အတိုင်အဖောက်ညီသည်။ စာပေဟောပွဲရှိလျှင် ဘယ်တော့မှမသွား။ အားကစားကွင်းသွားတာဖြစ်ဖြစ် တခြားမေဂျာသွားတာဖြစ်ဖြစ်လုပ်လေ့ရှိသည်။ တစ်ခါတစ်လေ ကျောင်းကပြန်ပြီး အပြင်လျှောက်သွားကြသည်။

"ငါတို့ဒီနေ့ ဘာလုပ်ရင်ကောင်းမလဲ"

သူငယ်ချင်းလေးယောက်သား အိမ်ပြန်ရမှာ အချိန်ကလည်းစောနေတဲ့အပြင် သွားဖို့နေရာ စဉ်းစားမရဖြစ်နေလေ၏။

"ငါတော့ အိမ်စောစောပြန်တော့မယ် ဒီနေ့သိပ်နေမကောင်းလို့ "

ရတုကျောင်းလာတဲ့ချိန်တည်းက သိပ်နေလို့မကောင်းဘဲ လူကနုံးသလိုဖြစ်နေ၏။ မနေ့ကရေချိုးနောက်ကျတာကြောင့်လဲပါသည်။

"ဟဲ့ အော် ချက်ချင်းနော် ပြီးတာပဲ တတ်လည်းတတ်နိုင်တယ်ရတုမောင်....ငါတို့သုံးယောက်ပဲဒီနေ့သွားလိုက်တော့မယ် ....အားကစားကွင်းကို"

ရတုတကယ်လည်းနေရထိုင်ရအဆင်မပြေ...လူကနုံးနေတဲ့အပြင်ခေါင်းပါချာချာလည်နေသလိုဖြစ်နေသည်။ ရှင်းသန်ကတော့ သူမလိုက်ချင်လို့တမင်ပြောနေတာလို့ပင်ထင်နေသည်။

"ငါတကယ်ပြေတာ အရင်ပြန်နှင့်တော့မယ် မနက်ဖြန်မှတွေ့မယ်"

"မင်းတစ်ယောက်တည်း အဆင်ပြေလားပြန်လို့...ငါလိုက်ပို့ပေးရမလား"

စွမ်းကဝင်ပြောတော့ရတုအားနာလေသည်။ သူလည်းအရမ်းနေမကောင်းနေတဲ့အခြေအနေမဟုတ်တာကြောင့် တစ်ဖက်လူကို ဒုက္ခမများစေချင်။

"ရတယ် ကိုယ့်ဘာ့သာပြန်လိုက်မယ် ငါအဲ့လောက်လည်းမဟုတ်ပါဘူး..."

ရတု သူငယ်ချင်းသုံးယောက်ကတော့ အဆင်ပြေရင်ပြီးတာပဲဆိုတဲ့ပုံစံနဲ့ကြည့်ကာ ထွက်သွားလေ၏။ သူ့ကိုနှစ်ခါတောင်မမေး တစ်ခါတည်းငြင်းရသေးတာကိုပင် သုံးယောက်သားထွက်သွားနှင့်လေပြီ။ တော်တော်ကောင်းတဲ့သူငယ်ချင်းတွေပါလား။

ရူးWhere stories live. Discover now