"မမ ကျွန်တော် ပြောတာသေချာနားထောင် ကျွန်တော် ခဏ ရှောင်နေမှာမို့ မမ မစိုးရိမ်နဲ့ ကျွန့်တော့်ကိုလဲ မဆက်သွယ်နဲ့ မမဗိုက်ထဲက ကလေးလေးအတွက်ပဲ စိတ်ပူထား ကျွန်တော် ပြန်လာခဲ့မယ်..."
လက်ထဲမှာ ရှိတဲ့ ပိုက်ဆံထုတ်ကို မမလက်ထဲထိုးပေးလိုက်သည်။
မယုံကြည်နိုင်စွာပင် မမမျက်လုံးများကို သူသတိထားမိပါသေး၏။
"မောင်လေး... ဘာတွေဖြစ်လာတာလဲ..."
ရတု လက်သို့ ဆုပ်ကိုင်လာသော ်မလက်များဟာ နွေးထွေးလျက်။
"နောက်မှ ရှင်းပြမယ် ကျွန်တော့်မှာ အချိန်မရှိဘူး ... သူလာရင် မမ ဘားမှ မသိဘူးသာပြော...ကြားလား... ဒီပိုက်ဆံကိုလဲ မမအတွက်သုံး ကျန်တာစိတ်မပူနဲ့...."
ပြေးကြည့်မှ ဒီမောင်နှမနှစ်ယောက်ထဲရှိတာကြောင့် ရတုတွက်တော့ မမဟာ မိသားစုထက်ပိုသည်။ အခုအခြေအနေအရ မမအတွက် စိတ်ပူသည်က တစ်ကြောင်းဆိုပေမယ့်လည်း သူအရင်လွတ်မြောက်အောင်လုပ်ရမည်။
သူ့စိတ်ထဲမှာ ဟိုလူ့လက်ထဲက လွတ်ဖို့ကိုပင်တွေးပူးနေမိသည်။ ကျန်တာတွေကို စိတ်ထဲမရှိတော့သလို သံယောဇဉ်တွေကိုလည်း အလေးထားမမှုနိုင်တော့ပေ။
"ကျွန်တော် သွားပြီ..."
ထို့နောက် မမကို အညင်သာဆုံး ထွေးထက်လိုက်တော့၏။ မျက်ရည်များကိုတော့ မမ မြင်အောင် သိမ်းဆည်းထားမိပြန်သည်။
"မောင်လေး...တစ်ခုခုဖြစ်နေတယ်ဆိုလဲ မမကို..."
"မမ ကျွန်တော် အချိန်မရှိတော့ဘူး ဟိုလူလာမယ်...သွားပြီ..."
ခွဲခွားခြင်း တစ်ခဏတာ ခွဲခွာခြင်းမဟုတ်လား...သူ ဒီလောက်လေးတော့ ရင်ဆိုင်ရမှာပေါ့
အိမ်ကထွက်လာကတည်းက အဝတ်တထည်ကိုယ်တစ်ခုနှင့်ပင်။ စုထားတဲ့ ငွေသားတချို့တဝကိကိုတော့ သူယူထားလိုက်၏။
ခေါင်းထဲလည်း ထူပူနေတာကြောင့်ပင် ကျန်တာတွေလည်းအများကြီး ဂရုမစိုက်နိုင်တော့။ သူ အဲ့ဒီလူနဲ့လက်ထပ်လိုက်လျင် တစ်ဘဝလုံး စုပ်ပျက်သတ်သွားမည်ဆိုတာ သေချာသည်။ လောင်းရိပ်အောက်မှာပဲ နေရတော့မည်ကို ရတုအသေချာသိသည်။ တွေးလေ ဝေးလေဆိုသလို ထိုလူနှင့်ဝေးရာကိုသွားမှသာလျှင် နှစ်ယောက်လုံးအဆငိပြေမည်။
******
*ကျစ်!"
ဖုန်းခေါ်မရသည်နှင့် မော်ကွန်း အိမ်ထဲသို့ပင်ဝင်လာလိုက်သည်။
"မောင်ရော..."
"ပြန်သွားပြီလေ....ကိုမော်ကွန်း..."
"လာခေါ်မယ် ပြောထားတာကို..."
"မသိဘူး...သူ့ဘာ့သာပြန်မယ်ဆိုပြီး ပြန်သွားတာပဲ..."
မော်ကွန်း ခေါင်းထဲ ဒုတ်ခနဲဖြစ်သွားတော့၏။
"ဘယ်အချိန်တုန်းကလဲ...."
"လွန်ခဲ့တဲ့ မိနစ်...."
စကားပြောပင်မဆုံးသေး မော်ကွန်း အိမ်ထဲက ပြေးထွက်လာခဲ့သည်။
ကားအမြန်စက်နှိုးပြီး တဟုန်ထိုး မောင်းထွက်သွားတော့သည်။
မော်ကွန်း အိမ်ကိုအရင်ပြန်တော့လဲ ရတု ကိုရှာမတွေ့ချေ။ ဖုန်းကောလ် တစ်ရာလောက်ခေါ်ထားပေမယ့်လည်း ဖုန်းကလေးကတော့ ဆက်ပိတ်ထားဆဲ။
နောက်ဆုံးပို့ထားတဲ့messageကိုတစ်ချက်ပြန်ကြည့်တော့*ကျွန်တော့်ကိုမရှာပါနဲ့ ခွင့်လဲခွင့်မလွှတ်ပါနဲ့*
ထိုmessageက သူ့ကိုလှောင်ပြောင်နေသလား။
မောင် သူ့ကို တကယ်ပဲ ထားသွားခဲ့ပြီလား...
မျက်ရည်စတို့က ပြိုကျလာတော့၏။ နှလုံးသားတို့ကတော့ အကြိမ်နှုန်းမညီစွာ ခုန်လျက် ။တစ်စံုတစ်ယောက်ရဲ့ ပြစ်ပယ်ခြင်းကို ခံရပြန်ပြီလား...
မေမေ့တုန်းကလိုပဲ အကြောင်းပြချက်မရှိ သူ့ကိုထားသွားခဲ့ပြန်ပြီလား...
*ဟာကွာ!*
မှန်ထဲသို့ လင်သီးနှင့် တစ်ချက်ထိုးလိုက်တော့ မြင်မကောင်းတဲ့ သွေးများဟု အလူးအလဲ ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။
အသားနာတာလဲ မမှုနိုင်ပါ။ ရင်ထဲက ပိုနာသည်မလား...
******
နှစ်လကြာပြီးနောက်***
ဆက်ရန်.....