Warning ⚠️
"အကိုပြန်ရောက်ပြီ...ဘာလုပ်နေလဲ"
"ဒါဘာလဲ..."
ရတု မော်ကွန်းရှေ့သို့ Ipadကို ထိုးပြလိုက်တော့သည်။
"ဘာဖြစ်လို့လဲ..."
"အိမ်မှာ လျှို့ဝှက်cameraတွေဘယ်ချိန်ထဲကတပ်ထားတာလဲ..."
မော်ကွန်း တစ်ချက်ပြုံးလိုက်ပြီး ရတုနားသို့ ကပ်သွားလိုက်တော့ ရတုကိုယ်လေးက အနောက်သို့ဆုတ်သွား၏။
"ဘာများလဲလို့..မောင်ရယ်... ထွေထွေထူးထူးမဟုတ်ပါဘူး အရင်ထဲက တပ်ထားတာ...."
"ကျွန်တော့်ကို မယုံလို့လား ဒါမှမဟုတ်စိတ်မချလို့လား....."
မော်ကွန်း ရတုကိုယ်လေးကိုအတင်းဆွဲဖတ်လိုက်တော့၏။
"အိမ်ရဲ့လုံခြုံရေးကြောင့်ပါ...လာ အပေါ်တက်ရအောင် ဒီနေ့အလုပ်များနေတာနဲ့ပဲ ဖုန်းတောင်မခေါ်ဖြစ်လိုက်လို့ လွမ်းနေရတာ..."
မျက်နှာထက် အနမ်းပေးမည်ကိုပင် လက်မခံပဲ ရတုအပေါ်ထပ်သို့ တက်သွားတော့သည်။ လုံခြုံရေးကြောင့်ဆိုတော့လည်း ရတုစိတ်ပြေသွားရပြန်သည်။
အခန်းထဲက မှန်ဘီရိုရှေ့ထိုင်ပြီး ရတုအဝတ်များခေါက်နေစဉ် ခါးနားတဝိုက် ဖက်တွယ်လာသောလက်များကြောင့် တကိုယ်လုံး ငြိမ်ကျသွားသည်။ ရေနကျ ဆေးရုံနံ့ပျင်းပျင်းက နှာခေါင်းထဲတိုးဝင်လာတော့ ရတုထဖို့ပြင်လိုက်၏။
"ခဏ..... ယေကျာ်းဖက်တာ မကြိုက်လို့လား..."
ရတုအတွက် အခုထိ စိမ်းသပ်သပ်ဖြစ်နေသေးသော အခေါ်အဝေါ်များကြားလျှင် ကြက်သီးများထတတ်သည်။
အနောက်ကနေ ဖက်ထားသောလက်များက အမြဲတမ်းရန်ရှာတတ်သေး၏။
ရတု အံကိုကြိတ်ထားမိသည်မှာ သူကိုယ်ကိုယ်ပင် သတိမထားမိခဲ့။
"အကို့ကို စိတ်မဆိုးပါနဲ့ စိတ်ဆိုးလဲ အကိုဒီညမချော့ချင်ဘူး နောက်နေ့မှထပ်ဆိုး... မောင့်အငွေ့အသက်တွေကိုလွမ်းနေတာ ဒီညတော့ မောင့်ကိုစိတ်ကြိုက်လုပ်ခွင့်ပေးတော့..."
အလုံးအရင်းနှင့်ဝင်လာသော စကားသံများဟာ နားရွက်များကို ရဲစေသည်အထိ ပြင်းထန်၏။