"ရတုသက်မောင်ရဲ့ အမ ဖြစ်သူ မခက်ခက်မောင်လား"
"ဟုတ်ပါတယ်....ဘယ်သူလဲမသိဘူး"
"ရတုရဲ့ ချစ်သူကောင်လေးပါ ကျွန်တော်တို့ စကားအေးဆေးပြောဖို့လိုပြီထင်တယ်....."
**********
ကျောင်းဆောင်ရှေ့ ထိုးဝင်လာတဲ့ မော်ကွန်းကားလေးသည် လူအများရဲ့အာရုံကို ဖမ်းစားသွားလေလား တစ်ကားလုံး မှန်အမည်းတက်ထားခြင်းကြောင့်ပေလားတော့ မသိ။ ဟိုတစ်ကွက်ဒီတစ်ကွက် ကျောင်းသားတချို့က သူ့ကားထံသာ အကြည့်များစိုးမိုးလျက်။
ကားလေးအေဆာင်ရှေ့သို့ထိုးဝင်လိုက်သည်နှင့် သူ့ရဲ့ချစ်လှစွာသော အကောင်ပေါက်လေးက ကော့တော့ကော့တော့နှင့် အဆောင်ထဲကထွက်လာသည်။
အသားဖြူသည့်ကလေးမို့လားမသိ တခြားကလေးတွေထက် ထင်းထွက်နေသည်မှာတော့အမှန်ပင်။ အရပ်လေးကလည်း တခြားကျောင်းသားတွေထပ်ပိုပုသည်။ ပိန်ပိန်သွယ်သွယ်လေးဖြစ်ကာ ဒီနေ့တော့ အဖြူရောင်shirtလေးနှင့် ကလေးသည် အရင်ကထက် ပိုအသည်းယားစရာကောင်းနေသေးသည်။
ကားပေါ်တက်လာသည်နှင့် မောင့်အနားကရတဲ့ ကိုယ်သင်းရနံ့လေးကို နှာခေါင်းထဲရှူသွင်းလိုက်မိသည်။
"စာမေးပွဲဖြေနိုင်လား"
မောင့် စာမေးပွဲရှိတာကြောင့် ဒီရက်ပိုင်းမောင်နှင့် မတွေ့ဖြစ်။ မောင်ကအရှောင်ကောင်းသည်။ သို့ပေမယ့်မရပါ။ မော်ကွန်း ရတာနဲ့ရသလိုအချိန်ယူပြီး သွားတွေ့သည်။
"ဖြေနိုင်တယ်...ဟီး"
မော်ကွန်း သွားကလေးတွေညီနေအောင်ပြုံးပြတဲ့မောင့်ကြောင့် စိတ်ထဲမယိုးမရွဖြစ်သွားတော့သည်။
"လာပါဦး စာမေးပွဲဖြေနိုင်တယ်ဆိုတော့ အာဘွားလေးပေးရအောင်.....အာဘွားမပေးရတာ ၂၄နာရီတောင်ပြည့်တော့မယ်"
လွမ်းနေတာ မောင့်ရဲ့ပါးပြည့်ပြည့်လေးတွေကို။
လက်နှစ်ဖက်ကိုဆန့်တန်းပြီး မောင့်အနားသွားတော့ ကိုယ်လေးအနောက်ဆုတ်သွားသည်။
"မနက်က ရေမချိုးလာဘူး ....နံမှားစိုးလို့"
"ဟာ....မောင်ရာ.....မနံပါဘူး ဒီမှာအကိုက အရမ်းနမ်းချင်နေပြီ"