"မောင်...."
"ဗျာ"
"နမ်းရအောင်"
"ဗျာ....အပြင်မှာ တခြားကျောင်းသားတွေနဲ့ မြင်ကုန်လိမ့်မယ်"
ရတုရှက်ပါသည်။ ကားထဲမှာပေမယ့် ကျောင်းအဆောင်ရှေ့မှာမို့ ဖြတ်သွားဖြတ်လာ ကျောင်းသားများတွေ့မှာစိုးသည်။
မော်ကွန်း အသည်းယားလာတာနှင့် မောင့်ကိုယ်လေးနားတိုးကပ်သွားသည်။ ပြီးနောက် ခါးပတ်ကို ဖြုတ်ပေးလိုက်သည်။
"လျှာထုတ်"
"ဗျာ"
ရတု မျက်လုံးများပြူးကျယ်သွားတော့သည်။
"လျှာထုတ်လိုက်....အကို စုပ်ချင်လို့"
"ဟို...ကျွန်တော် ..ရှက်တယ်"
ရတုစကားများပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတော့သည့် ။အကို့အကြည့်စူးစူးရဲရဲကလည်း ရတုကိုယ်ကမခွာ။
"မရှက်ပါနဲ့....အစမို့ပါ...နောက်နမ်းတာထပ်ပိုတာတွေတောင်လုပ်တော့မှာမို့"
ရတု ခြေဖျားလက်ဖျားတွေပါ အေးစက်လာသည်အထိ။ ရတုအခုချိန်ထိ ဘယ်သူ့ကိုမျှ မနမ်းဖူးသေးချေ။
မော်ကွန်း အနားပို၍တိုးကပ်သွားလိုက်ျတာ့ မောင့် ခေါင်းလေးက အနောက်သို့ အလိုအလျောက်ဆုတ်သွားသည်။
ခပ်မြန်မြန်ပင် မောင့်ခါးလေးအား အားပါပါနှင့် ဆွဲကိုင်လိုက်တော့ ခန္ဓာကိုယ်လေးကတော့သိမ့်ခနဲ။
သူအရမ်းနမ်းချင်ခဲ့တဲ့နှုတ်ခမ်းတွေ သူအရမ်းလိုချင်ခဲ့တဲ့ မောင့်ရဲ့ လျှာပါးပါးတွေ......
"ခဏ....ခဏ....ကျွန်တော် မရ.....အွတ်..."
ပြောလက်စစကားကတော့ မော်ကွန်းရဲ့ ခပ်ကြမ်းကြမ်း စတင်တဲ့အနမ်းကြောင့် ပျောက်ရှသွားတော့သည်။
ရတု ထိုခံစားချက်ကြီးအား စိမ်းသက်သက်။ အကို့လျှာများသည် ရတု အာခံတွင်းထဲ တစ်ခုခုအားရှာဖွေနေသယောင် မွှေနှောက်နေတော့ ရတုပါးလေးဖောင်းတက်နေတော့သည်။ အားမလိုအားမရနှင့် အကို့လက်တို့က ရတု လည်ပင်းနား သွယ်ဝိုက်လာတော့ အကို့လက်များကို အားကိုးတကြီးစုပ်ကိုင်မိတော့သည်။
မောင်ကွန်း ရေငတ်နေတဲ့အတိုင်းပင် မောင့်လျှာရှိ တံတွေးများသာမက အားခံတွင်းအဆုံးထိ ဝါးမြိုတော့မည့်အလား ခပ်ကြမ်းကြမ်းသာနမ်းစုပ်နေမိတော့သည်။
"အင်း!....."
လျှာကိုခပ်ကြမ်းကြမ်းစုပ်လိုက်တော့ မောင့်ဆီက ညည်းသံလိုလိုထွက်ကျလာသည်။
"အ့....အကို နာတယ်"
အရှိန်တက်လာတာနှင့်အမျှ မောင့် အပေါ်နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းသွားနှင့်ကိုက်မိသွားသည်။ သွေးလေးပင်အနည်းငယ်ထွက်လာသည်
"ဆောရီးမောင်...နာသွားလား....အကို အရမ်းစိတ်ပါသွားတာ"
မောင့်နှုတ်ခမ်းလေးအားလက်လေးနှင့် အသာယာပွတ်ပေးလိုက်သည်။မောင့်မျက်နှာလေးကတော့ ရှုံ့မဲ့နေကာ မျက်ဝန်းများက ဂနာမငြိမ်တော့။
ရတုရဲ့ပထမဆုံးအနမ်းက ထိုသို့ဖြစ်နေမည်ဟုမထင်ခဲ့ပါ။ အကိုက သူ့ကိုနမ်းျနတာနှင့်ပင်မတူဘဲ ဝါးမြိုနေတာနှင့်တူသည်။ ရတု အတန်းထဲမြန်မြန်သွားချင်တာပဲသိတော့သည်။ ရှက်လို့သေမယ်ဆို သူအခုချက်ချင်းပင်သေနိုင်လောက်သည်။
"လူတွေ မြင်ကုန်မယ်...ကျွန်တော်အတန်းထဲသွားတော့မယ်"
"နေပါအုံးမောင်ရာ....ပထမဆုံးအနမ်းလေးကို...အခုမှ နမ်းတာငါးမိနစ်တောင်မရှိသေးတဲ့ဟာ"
အကိုက သူ့ကိုတည့်တိုးကြီးပင်ပြောနေကာ ရတု အငွေ့များပင် ပျံချင်လာတော့သည်။
"ဟို မသိဘူး နောက်မှနမ်းတော့...ကျွန်တော်သွားတော့မယ်"
ကားပေါ်ကရတု ဆင်းရန် ပြုတော့
"ဟောဗျာ...နောက်မှနမ်းဆိုတာရှိမလား...အခုအရမ်းနမ်းချင်နေတာနော်....မောင်....အကိုမဝသေးဘူးလေ"
"မသိဘူးဗျာ...သွားပြီ"
ရတုခပ်သွက်သွက်ပင် ကားပေါ်ကဆင်းတော့ အကိုက သူ့က်ကိုလှမ်းဆွဲထားတော့သည်။
"အရသာရှိတယ်...မောင့်နှုတ်ခမ်းရော..မောင့်လျှာလေးရော...နောက်ပြီးမောင့် အာခံတွင်းတစ်ခုလုံး...."
အကို့ အသံမတိုးမကျယ်က ရတုနားထဲတော့ ပိုပြီးကျယ်လောင်စွာကြားနေရသယောင်။ နှလုံးသားက လုပ်ေဆာင်ချက်တွေမြန်နေတော့ ဦးနှောက်ထိပါ ရောက်သွားတယ်ထင်ပါသည်။ ရတုထိုစကားကြားပြီးနောက် အဲ့စကားကိုပဲ နားထဲ အကြိမ်ကြိမ်ကြားယောင်နေမိတော့သည်။
...................