ခါးများသို့ရစ်တွယ်လာသောလက်များမှာ အေးစက်စက်။
ရတု တခြားဖက်သို့မျက်နှာ လွှဲလိုက်တော့သည်။
"မောင်....မင်း အကို့ကို မကြည့်ချင်တော့ဘူးလား..."
တခုခု ရတုအပေါ်လုပ်ပြီးပြီဆို လေသံပြောင်းပြီးချော့တတ်တာလောက်တော့ ရတုမမှုတော့ပါ။
"ဒီဘက်လှည့်ကွာ....မင်းယောကျာ်းစကား ပြောနေတယ်လေ...."
မေးစေ့မှ လက်တစ်ဖက်ဖြင့် ဆွဲယူသွားပြန်သော ရတု မျက်နှာလေးမှာ သိမ်ငယ်စွာ။
"လာပါဦး..."
ရတု မျက်နှာထက် နမ်းဖို့ရန်ပြင်လာတော့ တစ်ဖန်ရှောင်မိပြန်၏။
"မင်းနဲ့ မနေရတာ ဘယ်လောက်ကြာပြီလဲကွာ .... အကိုလွမ်းလှပြီ... အဆင်ပြေကျရအောင်..."
"ဟက်... လက်စသပ်တော့ ခင်ဗျားက တဏှာရူးပဲ..."
ရတု စကားကို အရှိန်ပင်မထိန်းနိုင်တော့။
အကို့မျက်နှာ အမူအရာမှာ ချက်ချင်းကျားရိုင်းတကောင်လိုပြောင်းသွားတော့သည်။
"ဘာ!!! တဏှာရူး....ဟမ်"
"မင်းကို ဒီလိုရူးချင်တိုင်းရူးလို့ရအောင် ငါဘယ်လောက်ထိ ကြိုးစားခဲ့ရသလဲ မင်းသိလား.... ငါမင်းအတွက်အကုန်လုံးကိုစွန့်လွှတ်ထားတာ...."
ပခုံးသားများအား ဖြစ်ညှစ်ထားသော အကို့လက်များကို ရတု တွန်းထုတ်လိုက်သည်။
"ခင်ဗျားက ကိုယ့်ကိုယ့်ကိုယ်ချစ်တာ...ဒါအချစ်မှမဟုတ်တာ...ခင်ဗျား နားမလည်ဘူးလား..."
"ပြီးတော့ ကျုပ်အမအကြောင်း ခင်ဗျားဘာသိလဲ...ခင်ဗျားနဲ့ကကျုပ်တူတူနေရုံပဲ ဘားမှမပတ်သက်သေးဘူး ကျုပ်အမက ကျုပ်ရဲ့ သွေးသားအရင်း သူ့အနားမှာ ကျုပ်ရှိဖို့လိုတယ် ....ခင်ဗျား အဲ့ဒါတွေနားလည်လား...."
"ရတု မင်းက ဒါဆို ဒီတိုင်းလဲ တူတူနေခဲ့တယ်လို့ သတ်မှတ်ခဲ့တာလား ငါ့ကို...."
"ဟုတ်တယ်....တူတူနေရုံပဲ .... ကျုပ်လက်ထပ်ဖို့ထိမတွေးဘူး...ရှင်းလား..."
"ဟာကွာ....တောက်စ်..."
တစ်ချိန်တည်းမှာပင် နံရံသို့ ဖန်ပုလင်းကိုပေါက်ခွဲလိုက်သည်နှင့် ကျယ်လောင်သောအသံများထွက်လာတော့သည်။
"ငါ မင်းကို သေအောင်ချစ်တာ...မင်းအမမင်းကို ချစ်တာထပ်ပိုတယ်...မင်းအမလိုမိန်းမအတွက်နဲ့ ငါ့ကို အကြောင်းပြချက်ပေးစရာမလိုဘူး...."
"ပြီးတော့ မင်းအဖွားဆုံးတုန်းကလဲ မင်းအမကို သိန်း၅၀တိတိ ငါလွှဲပေးခဲ့တယ် မင်းလက်မခံမှာစိုးလို့ ငါသူ့ကို မပြောခိုင်းခဲ့ဘူး...ခုလောလောဆယ် မင်းအမလိုငွေမက်တဲ့မိန်းမက အဲ့ပိုက်ဆံနဲ့ပျော်နေလောက်ပြီ..."
"ဟာ....ကဲ ကွာ..."
ရတု မျက်နှာတည့်တည့်သို့ ခပ်ပြင်းပြင်းထိုးချလိုက်တော့သည်။
မြေပြင်ပေါ်သို့ပင် လဲကျသွားသည့်တိုင် သူ့ပုံစံက ဟန်ချက်မညီဖြစ်သွားချေပြီ။
ပြီးနောက် စောနက မြေပြင်က ဖန်ကွဲစတစ်ချို့လဲ လက်သို့ စိုက်သွားချေပြီ။
ရတု သူ့လက်ကို သူ အမြန်ပြန်သိမ်းလိုက်သည်။ သူကိုယ်တိုင်လဲ အဲ့လိုမျိုးမဖြစ်ချင်ခဲ့ပါ။
"ကျွန်တော် ....တောင်းပန်ပါတယ် မရည်ရွယ်ပါဘူး..."
ရတု မြင်နေရတဲ့ မြင်ကွင်းကိုကြည့်ပြီး လက်များပင်တုန်ယင်လာတော့၏။
"ရပါတယ်...မင်းက ငါ့ကိုမုန်းနေတာမလား...."
ထို့နောက် လက်မှာစိုက်နေတဲ့ ဖန်ကွဲစအချို့ကို လက်ငါးချောင်းလုံးနှင့်ဖိချေလိုက်လေသည်။
"မလုပ်....မလုပ်နဲ့..."
ရတု အတင်းအကြမ်း လက်များကို ဆွဲဖယ်လိုလေသည်။ ထို့နောက် မြင်ကွင်းများဝေဝါးလာတော့သည်။ လက်တစ်ပြည့်လုံး နီရဲနေသည့်အပြင် ဖန်ခွဲစသေေးသေးလေးများက အသားတွင်းထိုးစိုက်နေတော့သည်။
မျက်ရည်စများ အလုံးရင်းကြီးစွာနဲ့ ကျဆင်းလာချေပြီ။ ရတု ဒီမြင်ကွင်းကို မမြင်ချင်ပါ။
"ကျွန်တော့်ကြောင့် အကို...ဟင့်...ကျွန်နော်..."
"မဟုတ်တာ ...ရပါတယ်...မောင်ရယ်....အကို အသားမနာပါဘူး မောင့်ကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့ အကို ရင်နာရုံပါပဲ...."
ထို့နောက် နှစ်ယောက်လုံး အတားအဆီးမရှိ မျက်ရည်စများနှင့် .....