019

20 5 0
                                    

 019

    " ကြောက်သင့်တဲ့သူက ....မင်းပါ  "
  
  ဒီစကားပြောပြီးတာနဲ့ ၊ လျန်ဖုန်းကေားက မတတ်သာစွာသိလိုက်ရတယ် အန်းချန်က ဒီအကွက်နဲ့မရဘူး ။ သူက ပြန်တောင်ရယ်ပြပြီး ခြေဆင်းထိုင်ထားတဲ့ ခြေတစုံက အခု လျန်ဖုန်းကေားရဲ့ခါးကို ညှပ်ထားပြီး ပြုံးစိစိနဲ့ပြန်ကြည့်နေတယ်

" မင်းအထင်နဲ့အမြင်လွဲစေတာ အားနာလိုက်တာ ၊ငါလည်း ကြောက်ရမဲ့ အကြောင်းရင်းမရှိဘူး ! "
  ပြောပြီးတာနဲ့ ဆတ်ကနဲ ခေါင်းမော့လာပြီး ဖြတ်လတ်စွာနဲ့ လျန်ဖုံးကေားရဲ့ နှုတ်ခမ်းနားကို ဖိကပ်လာတယ် ။

  လျန်ဖုန်းကေားလည်း တုံ့ပြန်မှုမြန်ဆန်စွာနဲ့ မော့လာတဲ့ ခေါင်းကို ဘေးတစောင်းရှောင်လိုက်ပေ့မဲ့ တချက်တော့ အနမ်းမိသွားသေးတယ် ။

  ချုပ်‌ထားတဲ့ လက်မောင်းကို ဖြည်ပေးလိုက်ပြီး လျန်ဖုန်းကေားရဲ့ အကြည့်က အန်းချန်ကို သေချာစိုက်ကြည့်နေတယ် ။အန်းချန် က စိန်ခေါ်သောအကြည့်ဖြင့် လျန်ဖုန်းကေားရဲ့ အကြည့်ကို ရင်ဆိုင်လိုက်တယ် ပြီးနောက် လျှာထုတ်လိုက်ပြီး လျန်ဖုံးကေားကို နမ်းမိတဲ့ ကိုယ့်နှုတ်ခမ်းကို လျှက်လိုက်တယ် ၊ အရသာရှိနေပုံပဲ ။

  ဒါပေမဲ့ သူ ဘာမှ ထပ်ပိုမလုပ်ဘူး လျန်ဖုန်းကေားရဲ့ခါးကို ညှပ်ထားတဲ့ခြေထောက်ကို ဖြည်ပေးလိုက်ပြီး တဖက်သူကို ကောင်းကောင်းပေးထိုင်လိုက်ကာ သူကတော့ ကိုယ်ဟန်နေထားပြောင်းလိုက်တယ် ၊ ကျယ်ဝန်းတဲ့ ထိုင်ခုံပေါ်မှာ လှဲချလိုက်ပြီး တံတောင်ဆစ်ထောက်ကာနှုတ်ခမ်းထောင့်ကို ဘာကြောင့်မှန်းမသိကွေးကာ လျန်ဖုန်းကောကို သေချာစွာစိုက်ကြည့်နေတယ်
" မင်း ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီလို သတိရှိနေတာလား ? "
  
   လျန်ဖုန်းကေားက ပုခုံးလေးတွန့်လိုက်ပြီး
" ဘယ်သူနဲ့လဲဆို‌တာတော့ ကြည့်ရမှာပေါ့ "

  " အော် ? "
အန်းချန်ရဲ့ မျက်ဝန်းက တချက်မှောင်သွားပြီး အကြံတခုကြံခြင်းရဲ့အရိပ်ပြေးသွားတယ် နောက် ဆက်မေးတယ်
" လန်ခွန်းနဲ့ တွေ့တဲ့အချိန်တော့ မင်း အသိတရားပျောက်သွားတတ်ပြီး စိတ်တွေကိုလျှော့ချပြီး ကိုယ့်စိတ်တိုင်းကျ လွတ်ထားမှာလား ? "

လူစားထိုး zawgyi font Where stories live. Discover now