112 bro love

26 4 0
                                    

  065

       တောင်ပတ်လမ်းမှာ ညတဝက်လောက်နီးပါး ထိုင်နေတဲ့ အန်းချန် မနက်ခင်းအလင်းရောင်မြင်စအချိန်မှ အေးလာသလို ခံစားမိကာမှ ဖုန်းထုတ်ယူပြီး သူ့ရဲ့ကားမောင်းသမားကို ဆက်တော့တယ်
  
     " ယိစန်း ၊ ငါ့ကိုတချက်လာကြိုပါ ....နေရာက ....တခါတည်း ငါ့အတွက် ရှပ်အင်္ကျီတထည်ပါ ဝယ်လာခဲ့...."

  တနာရီကြာပြီးနောက်တွင် ။

  " ဒုတိယသခင်လေး ...သင် ဒါက ...."
   ယိစန်းက အသက်နှစ်ဆယ်ဝန်းကျင်လူငယ်လေးပါ ၊ ရွှေရောင်ဆံပင်ဆိုးထားပြီး ကားပေါ်က ဆင်းတာနဲ့ ပြေးလာခဲ့တယ် ၊ လက်ထဲမှာ ဈေးဝယ်အိတ်တထုတ်နဲ့ ၊ သူက အိတ်ထဲက ရှပ်အင်္ကျီကို ယူထုတ်လာပြီး လှမ်းပေးကာ
  " လူနာတင်ယာဉ် ဖုန်းဆက်ခေါ်ရမလားဗျ ? "

 " ဘာလို့ခေါ်မှာလဲ ! "
အန်းချန်က အရင်လိုအေးစက်စက်နနဲ့ ဖိအားပေးတတ်ပုံ ပြန်ဖြစ်သွားပြီလေ ၊ သူ ရှပ်အင်္ကျီကို ယူလိုက်ပြီး အနာထိရင် မျက်နှာမဲ့တဲ့အထိနာမှာစိုး၍ သတိထားကာ ဝတ်ဆင်လိုက်တယ် ။

  သူ လက်တဘက်တည်းဖြင့် ကြယ်သီးတပ်လိုက်ပြီး အသံတိုးတိုးဖြင့်
   " ခဏနေ မင်းငါ့ကို အရင်ပြန်ပို့ပြီးမှ ငါ့အစား ဒီကားကို ‌ပြင်‌တဲ့နေရာပို့လိုက် ၊ မှတ်ထားအုံး အရင်တိုင်း တပုံစံတည်း ဖြစ်အောင် ပြင်ရမယ် ၊ အကယ်၍ ကြည့်လို့ မတူလို့ကတော့ မင်း အလုပ်ထွက်တော့ ! "
  
       ယိစန်း စိတ်ထဲကနေတော့ : ဒုတိယသခင်လေးက ဘယ်လိုလုပ် ပိုပိုပြီး ဂရုဏာမဲ့လာတာလဲ ! ပါးစပ်ကနေတော့ လိမ္မာစွာဖြင့်
   " ဟုတ်ဟုတ်ဟုတ် , ဒုတိယသခင်လေး ၊ သင်စိတ်ချပါ ၊ အသစ်အတိုင်း ပြင်ထားပေးမယ် !သူများ ကြည့်လို့မရစေရပါဘူး ! "

  " ပြင်ပြီးရင် ငါ့ကို ဖုန်းဆက်ပါ ! "
   အန်းချန် နားထင်ပွတ်မိတယ် ၊ ခေါင်းက ကိုက်တုန်းပဲ ၊ အရက်သောက်ပြီး တောင်‌ပေါ်လေအတိုက်ခံလိုက်လို့နဲ့ တူတယ် ၊ အခု တကိုယ်လုံး နေရခက်တာကြောင့် သူကားပေါ်တက်ပြီး အနောက်ကထိုင်ခုံပေါ် မှီချလိုက်ကာ မျက်လုံးမှိတ်ချရင်း
   " ပြန်ရအောင် ! " 

လူစားထိုး zawgyi font Where stories live. Discover now