134

15 2 0
                                    

  87

  
     စူးအိမ်Villa.

       City G ကနေ  City Aကို ပြန်ခဲ့ပြီးနောက် လျန်ဖုံးကေားက စူးယီမော့ကို အိမ်အရောက် ပို့ပေးကာ ကားကို အားရှီထံ ပြန်ပို့ဖို့ ပြင်တယ် ။

  စူးယီမော့ကတော့ သူ့ကို ကားပေါ်က ခေါ်ဆင်းလိုက်ကာ
   " ကားကို တလမ်းလုံး မောင်းလာတာ ၊ ပင်ပန်းလွန်းတယ် ၊ မနက်ဖြန်မှ သွားပို့ ! "

  စူးယီမော့က လျန်ဖုံးကေားကို အိမ်ထဲဆွဲခေါ်ဝင်ချိန်တွင် လျန်ဖုံးကေားက မတတ်သာစွာဖြင့် ခေါင်းလှည့်ကြည့်လှည့်ကြည့်ဖြင့် လိုက်သွားလေတယ် ၊ ပြိုင်ကားအနီရောင်က ‌ပေနေပြီမို့ ကားဆေးပြီး ဆီဖြည့်ပြီးမှပဲ ပြန်ပို့ပေးတော့မယ်လို့ တွေးလိုက်မိတော့တယ်လေ ။

  ဒါပေမဲ့ အိမ်ထဲထိ ဆွဲခေါ်သွားချိန်မှာတော့ လျန်ဖုံးကေား ရပ်နေကာ မလှုပ်တော့ဘူး ၊ သူ့လက်ထဲက ကိုယ့်လက်ကို ပြန်ဆွဲထုတ်ကာ မျက်ထောင့်ကပ်ကာ ပြောလေတယ်
  " ကားသွားမပို့ဘူး ဆိုလည်း မင်းနားမှာ ငါနေမယ်လို့ မပြောပါဘူး "

  " ဒါဆို မင်းက ဟိုတယ်မှာ သွားနေမလို့လား ? "
စူးယီမော့ မျက်ခုံးတွေပင့်သွားကာ
" ဒီကနေ အနီးဆုံးဟိုတယ်တောင် မိနစ်နှစ်ဆယ်လောက်မောင်းရမယ် ၊ အချိန်ကုန် ဆီကုန်တယ်လေ ၊ ပိုက်ဆံလည်းကုန်တယ် ၊ ချွေတာနိုင်ရင် ချွေတာကြတာပေါ့ ! "

  လျန်ဖုံးကေားမှာ သူ့အပြောကြောင့် ရယ်မိလေတယ်
  " စူးသူဌေးကြီးက ဘယ်အချိန်ကစပြီး  စီးတဲ့​ရေဆယ်တဲ့ကန်သင်းဖြစ်သွားတာပါလိမ့် ?

  စူးယီမော့က  စီးတဲ့​ရေဆယ်တဲ့ကန်သင်းဆိုတဲ့စကားလုံးကို သိပ်မကြိုက်တာကြောင့် ကြားချိန် ခဏတန့်သွားပြီး  လေသံမလျှော့သေးတဲ့ လျန်ဖုံးကေားကို တမင်ကိုတည်တံ့နေတဲ့လေသံနဲ့ ပြန်လည်တုံ့ပြန်ဖြစ်ပုံက
  " မင်းက လူလိမ်လေးမှန်းသိတာနဲ့ ခြိုးခြံချွေတာရပြီလေ ၊ မဟုတ်ရင် မင်းကို ဘာနဲ့ လက်ထပ်ယူရမလဲ ? တင်တောင်းတာ ငွေအများကြီး လိုမှာလေ ! မင်းက ငွေခင်လေးလေ ၊ နည်းသွားရင် တင်တောင်းလို့မရလောက်ဘူး ! "

လူစားထိုး zawgyi font Where stories live. Discover now