054

19 6 0
                                    


  007

    စူးယီမော့ လည်း ကျင်ချိုးဟန်ကို ဖုံးကွယ်ထားဖို့ မရည်ရွယ်တာမို့ သူမေးတာနဲ့ အမှန်အတိုင်း ဖြေလိုက်တယ်
  " သူက ကိုယ်ရှာလာတဲ့ body double ပါ ၊ မင်း ဒဏ်ရာကုနေတဲ့ကာလအတွင်း သူက မင်းအနေနဲ့ရှိပေးလိမ့်မယ်"

  " body double ?! "
ကျင်ချိုးဟန်က အံ့အားသင့်စွာ ပါးစပ်ဟသွားတယ်
  " ဒါဆို သူ ..."
  သူက ဘာလို့ ဒီလောက်သတ္တိကောင်းရတာလဲ ? ဒီလောက်ရဲရတာလဲ ?

  " သူကလည်း မင်းရဲ့နေရာမှာ အကောင်းဆုံးသရုပ်ဆောင်ရအောင်လို့ပါ ၊ ဒါ့ကြောင့် ဒီလောက်ရဲတာပါ ။ ဒါပေမဲ့ မင်းမကြောက်ပါနဲ့ နောက်တခေါက်မင်းကို သူထပ်လာမနှောက်ယှက်စေရပါဘူး ! "

စူးယီမော့ က ကျင်ချိုးဟန်ကို နှစ်သိမ့်နေတယ် သူ့ရဲ့ပုခုံးကို ကိုင်ရင်း သူ့ကို သေချာစွာကြည့်ရင်း
" ရှောင်ဟန် ၊ မင်း ကိုယ့်ကို  ပြောစရာတွေရှိလား ? "
  
    ကျင်ချိုးဟန်က သူ့ကို မကြည့်ရဲဘူး မျက်လွှာချကာ အရှက်ရနေသောမျက်နှာဖြင့်
  " အစတုန်းကတော့ ငါ မင်းနား ကပ်ခဲ့တာက ဦးတည်ချက်ရှိပါတယ် ၊ ဟိုတခေါက်တုန်းက မင်းရဲ့ရှေ့မှာ စွန်ရဲလိုက်ဂိုဏ်းနဲ့ လမ်းခွဲတာ ၊ လန်ခွန်းကို သစ္စာဖောက်တာတွေကအစ ဟန်ဆောင်တာပါ ..."

  " ဒါပေမဲ့ မင်းက ငါ့အပေါ်အဲ့လောက်ကောင်းတာ ၊ ငါ မင်းက်ု ဒုက္ခမပေးရက်ဘူး ၊ ငါလည်း တခါတလေ စူးအိမ်က စွန်ရဲဂိုဏ်းရဲ့ အတွင်းရေးတွေကို လန်ခွန်းကို ပြောပြလေ့ရှိပေမဲ့ ငါ သေချာစဉ်းစားပြီးမှ ပေးတာ ! ငါ သူတို့ကို ပေးတဲ့အချက်အလက်တွေက ကြည့်လိုက်ရင် အရေးကြီးပေမဲ့ အမှန်တော့ သိပ်အရေးမပါဘူး ! "

      " တခေါက်နှစ်ခေါက်လည်း... သူတို့ ဖိအားပေးလွန်းလို့ ပေးရတဲ့ သတင်းတွေလည်းရှိတယ် ... လွန်ခဲ့တဲ့ သုံးနှစ်က Dမြို့က တိုက်ခိုက်မှုမှာ စွန်ရဲလိုက်ဂိုဏ်း အဆုံးအရှူံးများတာက ...ငါ သူတို့ကို မင်းတို့ရဲ့ တိုက်ခိုက်မှု အစီအစဉ်ကို ပြောပြလိုက်တာ....ပြီးတော့ ရှေ့တနှစ်က Bမြို့မှာ ချန်ကွမ်းဆိပ်ကမ်းက တခေါက်ကလည်း ...ငါ လုပ်တာပါ ...." 
  
" တောင်းပန်ပါတယ် ....အားမော့ ၊ မင်း အပြစ်တင်မယ်ဆိုလည်း တင်ပါ ၊ ငါ ကိုယ့်အပြစ်ကိုယ်သိပါတယ် ...ငါ မင်းအပေါ် မကောင်းတာပါ ! "
       ကျင်ချိုးဟန် မျက်ဝန်းတွေ နီနေပြီး နာကျင်မှုနှင့် ကိုယ့်ကိုကိုယ် အပြစ်တင်မှုတွေ ပေါ်နေတယ် သူရဲ့ လက်က ခဏကလျန်ဖုံးကေားကို ထိုးဖို့ကြိုးစားထားတဲ့ ဓါးမြှောင်ကို စမ်းလိုက်တယ် တင်းတင်းဆုပ်ကိုင်လိုက်ပြီးနောက် ကိုယ့်လည်ပင်းဘက်ကို ယူလိုက်တယ် !

လူစားထိုး zawgyi font Where stories live. Discover now