093

20 4 0
                                    

046

       လန်ခွန်းက ဖုန်းမျက်နှာပြင်ပေါ်က ရုတ်တရက်ထွက်ပေါ်လာတဲ့ ကျင်ချိုးဟန်ပုံကို မြင်လိုက်ရပြီး နားထဲမှာတော့ လျန်ဖုံးကေားရဲ့ ပျင်းတွဲတွဲလေသံကိုကြားလိုက်ရတော့ ကြောင်သွားတာပေါ့ ! ပြီးတော့ ချက်ချင်း သဘောပေါက်သွားတယ် !
  
    လတ်စသတ်တော့ ဒီလိုကိုး !

  လျန်ဖုံးကေားက ရွှေအဆင့်လူစားထိုးဆိုတာကို လန်ခွန်းက သိတယ်လေ ၊ ဒါပေမဲ့ တပါးသူမျက်နှာနဲ့ သရုပ်ဆောင်တာကို တွေ့ရ‌တာတော့ အလွန်အံ့အားသင့်ရတယ်လေ !

  လန်ခွန်းမေးတယ်
   "ဒါဆို ....ရှေ့တခေါက်က ကျင်ချိုးဟန်ကလည်း...."

  " မမှားဘူး ၊ မင်း လျို့ဝှက်ခန်းထဲပိတ်ပြီး အသက်ရှူပြတ်တော့မလိုဖြစ်ခဲ့တဲ့ ကျင်ချိုးဟန်က ငါပါ ! "
   လျန်ဖုံးကေား ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ကာ မျက်လုံးကို ပြုံးစိစိနဲ့ မှေးချလိုက်ပြီး  ကိုယ့်ရဲ့အတွေးတွေကို မမြင်စေပဲ ကိုယ့်ကို ပိုတောင်အမွှန်းတင်လိုက်သေးတယ်လေ
  " ကြည့်လို့ မသိသာဘူးမလား  ? ဒါပေမဲ့ မင်းက အတော်ရက်စက်တာပဲ ၊ အဲ့ဒီနေရာက ...တကယ် အသက်ပါနိုင်တယ် ! "

  လန်ခွန်းက သူ့မျက်လုံးမှေးချလိုက်ပုံကို ရင်းနှီးနေသလိုဖြစ်တာကြောင့် ၊ စမ်းသပ်မေးကြည့်တယ်
  " မင်း အန်းမုရဲ့ အပ်နှံမှုကို တကယ် လက်မခံဖူးဘူးလား ? "

  " လက်မခံဖူးပါဘူး ! "
   လျန်ဖုံးကေား မျက်နှာထားပင်မပြောင်းဘူး ၊ သူက လန်ခွန်းကို ဖုန်းဆက်ကတည်းက ဒီမေးခွန်းမေးမှာကိုစဉ်းစားမိထားပြီလေ ၊ ဒါ့ကြောင့် ကြိုအသင့်ပြင်ထားတာကြောင့် မျက်နှာထား တချက်မှ မပျက်ဘူးလေ ။

  လန်ခွန်းလည်း မေးမရတာတွေ့တော့ မမေးတော့ဘူး ၊ စကားဦးသာလှည့်ပြောလိုက်တယ်
  " မင်းက လူစားထိုး မဟုတ်လား ? ဒီလို ဘွင်းဘွင်းကြီးချပြတော့ ငါက မင်းအတုမှန်း သိသွားတော့ မင်းအလုပ်ရှင် ငွေဖြတ်မှာ မကြောက်ဘူးလား ? "

  " အုင်...ကြုံသလို ဖြေရှင်းရတော့မှာပဲ ၊ အသက်တော့ပါသွားလို့ မရဘူးမလား? ပြီးတော့.... တကယ့်ကျင်ချိုးဟန်ကလည်း အဲ့လောက်မရိုးရှင်းဘူးမလား ? မင်း သူ့ကို တကယ် သတ်ချင်ရင် ရှေ့တခေါက်က သေနတ်နှစ်ချက်နဲ့တင် သူ့အသက်ကို ယူလို့ရပြီ၊ ဒဏ်ရာအပြင်းပဲ ဖြစ်စေတာမျိုး မဟုတ်ဘူးမလား ? အမှန်တော့ စူးယီမော့ စိတ်ပူအောင် မလား ? ပြီးမှ အတွင်းပိုင်းထဲ ဝင်လို့ရအောင်....အနာခံတာမလား ၊ တခါတလေ ဒီအကွက်က သုံးလို့ကောင်းတယ် "

လူစားထိုး zawgyi font Where stories live. Discover now