076

19 4 0
                                    


029

      ကားက ခမ်းနားတဲ့ Villaတလုံးထဲမောင်းဝင်သွားလေတယ် ။

 " သခင်လေး ၊ ပြန်လာပြီ ! "
အသက်ဆယ့်သုံး/လေးနှစ် ရှိပြီဖြစ်တဲ့လူငယ်လေးတဦးပြေးလာပြီး ရိုသေစွာ ကြိုဆိုတယ် ။

" အင်း "

  " သခင်မကြီး ဘယ်လိုနေလဲ ? "

  " ဘာမှမဖြစ်ပါဘူး ၊ ဆရာဝန်က နောက်ထပ်နှစ်ရက်ဆို ဆေးရုံက ဆင်းလို့ရပါပြီတဲ့ "
သခင်လေးက အနောက်ထိုင်ခုံထဲမှာ အိပ်ပျော်နေတဲ့ လျန်ဖုံးကေားလေးကို သတိတရရှိနေတာကြောင့် ကားခါးပတ်ကြိုးကို ဖြုတ်ပြီး အနောက်ကားတံခါးကို လက်သေးသေးဖြင့် ဆွဲဖွင့်ကာ လျန်ဖုံးကေားရဲ့ မျက်နှာနီနီလေးကို လက်ညိုးဖြင့် သွားထိုးကာ
  " ဝေ့ လူလိမ်လေး ၊ အမြန်ထလာ ၊ မင်း ဟန်ဆောင်နေတာ ငါသိတယ် ! "

  လျန်ဖုံးကေား‌ကတော့ မနိုးလာပဲ မျက်နှာသေးသေးလေးမှာ နီရဲစွာ ဖြင့် ပါးစပ်လေးမှာလည်း ခက်ခဲစွာ အသက်ရှူနေတယ် ။

  နည်းနည်းသာ ပိုကြီးတဲ့ ကလေးကလည်း စပ်စုစွာဖြင့်
" သခင်လေး ၊သူက ဘယ်သူလဲ ? "

  " ငါ လမ်းတဝက်မှာ ကောက်ခေါ်လာတာ ! သူက လူလိမ်လေး ၊ နှမြောစရာက ငါသိသွားတယ်လေ ၊ ခဏနေ ငါ့နဲ့အတူ သူ့ကို ဆုံးမပေး ! ဟွန့် ၊ ငါတို့အိမ်က ပိုက်ဆံကို ညာချင်တာ ၊ဘယ်ရမလဲ ! "
လူငယ်လေးက လက်ညိုးဖြင့် ဆက်လက်ထိုးနေပြီး
" လူလိမ်လေး ၊ ဟန်မဆောင်တော့နဲ့ ၊ အမြန်ထ ! "

  ဒါပေမဲ့ ဘယ်လိုပဲလုပ်လုပ် မနိုးလာဘူး ၊ လူငယ်လေးက လက်မောင်းပိုက်ပြီး ပါး‌ပါ‌ဖောင်းအောင် နှုတ်ခမ်းစူကာ ဘေးကို ရပ်လိုက်ပြီး ညွန်ကြားတယ်
  " အားကျို ၊ ရေတပုံး သွားခပ် ! "

  " သခင်လေး ...."
အားကျို ခေါင်းလေးဆန့်ပြီး အတော်အိပ်မော်ကျနေတဲ့ လျန်ဖုန်းကေားကို ကြည့်လိုက်တော့ နီရဲနေတဲ့ မျက်နှာကိုမြင်တော့ သက်ပြင်းချကာ
" သခင်လေး ၊ သူ ဖျားနေတာနဲ့တူတယ် ဒါ့ကြောင့် မနိုးလောက်ဘူး "

  "...."
လူငယ်လေး နှုတ်ခမ်းဟသွားကာ
" ဖျားနေတယ် ? "
ပြောရင်း ကားထဲကိုယ်လေး ကိုင်းဝင်ပြီး လက်ကလေးနဲ့ လျန်ဖုံးကေားနဖူးကို သွားစမ်းတော့ တထိတ်တလန့်ဖြင့်
  " အဲ့ ၊ တကယ်ဖျားနေတာ ! "

လူစားထိုး zawgyi font Where stories live. Discover now