127

19 5 0
                                    

  080

     ရှက်တယ် ?!

 လျန်ဖုံးကေားက သော့ရှာနေတဲ့လက် တွန့်ကနဲ ဖြစ်သွားကာ စိတ်ထဲက ရေရွတ်နေတယ်၊ ကိုယ်က သူ့နဲ့ တခန်းတည်း အတူမနေချင်တာလေ ၊ အခု အနေအထားက နေရခက်တာ​လေ  ဒါကို  ဘာဖြစ်လို့ ရှက်တယ်​လို့ ထင်ရတာလဲ ?

  ဒါနဲ့ပဲ လျန်ဖုံးကေား မျက်ဖြူပင့်ပြကာ စိတ်ထဲကနေ : မင်းပဲ ရှက်တာ ၊ မင်းတအိမ်လုံး ရှက်နေတာ !
  
      " ကိုယ်ပြောတာ ထိသွားပြီလား ? "
စူးယီမော့ ဘောလုံးကို ထပ်လှည့်ကစားရင်း နှုတ်ခမ်းထောင့်က အပြုံးပိုပီပြင်သွားတယ် ။

  လျန်ဖုံးကေားလို စိတ်ဓါတ်ပြင်းတဲ့သူက ဒီလို ချစ်ဖို့ ကောင်းတဲ့တဖက်ရှိလိမ့်မယ်လို့ မထင်ထားဘူး ။ အော် ၊ မဟုတ်ဘူး ၊ သူ့ရဲ့ လူလိမ်လေးက အစကတည်းက ချစ်ဖို့ကောင်းတာ ၊ အထူးသဖြင့် ငယ်တုန်းက ၊ နောက်တော့သာ ကြုံတွေ့ရတဲ့ ဘဝအ​တွေ့အကြုံ​တွေ​ကြောင့် သူ့အကျင့်တွေပြောင်းသွားတာ ၊ ပင်ကိုယ်ဗီဇတွေတောင် ဖွက်ထားလိုက်ရှာတယ်လေ ။

  အခု ကိုယ်သည် ငယ်တုန်းက အားမော့မှန်းသိပြီမို့ လူလိမ်လေးလည်း ငယ်တုန်းက အကျင့်ပြန်ပေါ်လာပြီလေ ၊ ငယ်တုန်းကအတိုင်း ကိုယ့်နဲ့ အင်တင်တင်တွေ ဂရုမစိုက်သလိုတွေ လုပ်လာတတ်ပြီလေ ၊ တကယ်ပဲ ....တကယ့်ကို ချစ်ဖို့ကောင်းတယ် !
  
      လျန်ဖုန်းကေားက ‌တည်ငြိမ်ပြနေတဲ့ စူးယီမော့ မျက်နှာကို ကြည့်လိုက်တော့ စကားလမ်းကြောင်းက အပြောင်းခံလိုက်ရတာ တွေ့လိုက်ရတယ် ကိုယ်အစက သော့တောင်းနေတာလေ !

  " မင်း သော့ကို ဖွက်ထားတာဟုတ်တယ်မလား ? "
  လျန်ဖုန်းကေား နားလည်သွားတာနဲ့ စူးယီမော့ကို စိုက်ကြည့်ကာ လက်ဖဝါးဖြန့်လိုက်ပြီး
  " သော့ကို အမြန်ပေး ! "

  စူးယီမော့ ခေါင်းခါပြကာ
  " ကိုယ်က ဘာလို့ သော့ကို ဖွက်ထားရမှာလဲ  ၊ ခဏက မင်း ပစ္စည်းတွေ လှန်လျောရင်း ပျောက်သွားတာနေမှာပေါ့ "

  " မင်း ---"
  လျန်ဖုန်းကေား အံကိုကြိတ်ပြီး လေကိုရှည်ရှည်တချက်ရှူလိုက်ကာ အနောက်ကို လှည့်ပြီး တံခါးကို ခြေနဲ့ကန်တော့မယ် ၊ အတိုက်အခိုက်ကျွမ်းတာကြောင့် တံခါးကန်ဖွင့်တာလောက်ကတော့ ပြဿနာမဟုတ်ဘူး ၊ ပျက်စီးခလေး လျော်‌ရုံပေါ့ ။

လူစားထိုး zawgyi font Where stories live. Discover now