113 brothers love

22 4 0
                                    

  066
  
      အန်းမု ခဏက အန်းယာကို အန်းမုရဲ့ လက်မောင်းက ဒဏ်ရာကို မမြင်စေချင်တာကြောင့်  အဆင်ပြေသလို တခွန်းပြောလိုက်တာ ၊ အန်းမုက တကယ် ဖျားနေမယ်လို့ မထင်ထားဘူး ။

  ပြန်စဉ်းစားလိုက်တော့လည်း ဟုတ်တယ်လေ ၊ ယိစန်းအပြောအရဆို အန်းချန်က တောင်ပေါ်မှာ တညလုံး လေစိမ်းခံခဲ့တာနေမယ် ၊ ဒဏ်ရာကလည်း ရောင်ရမ်းတာနဲ့ ဖျားပြီပေါ့ ။

   သူက နိုက်ကလပ်တွေ သွားပြီဆိုပြီး ကိုယ်ကတော့ တညလုံး အိပ်မရဘူး ၊နောက်ဆုံးတော့ ....အထင်မှားမိလေပြီ....

  " အန်းမု ...."
အန်းချန်က ဘေးမှာ လူရှိနေတယ်လို့ ခံစားမိတာကြောင့်  ဝေဝေဝါးဝါး နာမည် ခေါ်ထွက်လာသေးတယ် ။

  အန်းယာက လက်ချောင်းဖြင့် အန်းချန်ရဲ့ မျက်နှာကို ထိုးကာ အသံတိုးတိုးဖြင့်
  " ငါ့ကိုတော့ နင့်ကို ဒုတိယအစ်ကို လို့ မခေါ်ပဲ နာမည်ခေါ်လို့ပြောတယ် ... နင်လည်း တူတူပဲမလား ? ကိုကြီးရဲ့ နာမည်ပဲခေါ်တယ် အစ်ကိုကြီးလို့ မခေါ်ဘူး...ဟွန့် ! "
  
     အန်းမုမှာတော့ အန်းချန်ရဲ့ နာမည်ခေါ်သံကြောင့် လန့်ဖြန့်သွားတယ် ၊ တခြား လျှောက်ပြောမှာလည်း စိုးတယ် ၊ အန်းယာ ကြားသွားမှာလည်း စိုးရိမ်တယ် ......

  သူ အမြန်ရှေ့တက်ကာ ဝက်ဝံရုပ်ကို အန်းယာနား ပြန်ထိုးထည့်လိုက်ပြီး သူမပုခုံးကို တွန်းကာ အခန်းပြင်သို့ တွန်းထွက်လိုက်ပြီး
   " အင်းပါ , ချာတိတ်မလေး ၊ မင်း ဒီမှာ ဒုတိယအစ်ကိုကို မဆူနေနဲ့တော့ ၊ ငါ ဆရာဝန်ခေါ်လိုက်မယ် ၊ သူ့ကိုလည်း သေချာ စောင့်ရှောက်လိုက်မယ် .....ချာတိတ်မလေးကတော့ အချိန်အပြောင်းအလဲ ဖြစ်အုံးမှာမလား , ပြီးတော့ ဒီလောက်ကြာတဲ့ လေယာဉ်စီးလာတာ ဘယ်ခံနိုင်မလဲ အမြန်သွားနားတော့ ! "

  " ဟုတ်ကဲ့ပါ ...."
  အန်းယာ နှုတ်ခမ်းလေးစူကာ ကုတင်ပေါ်အိပ်နေတဲ့ အန်းချန်ကို ခေါင်းစောင်းကာ ကြည့်ရင်း မှာသေးတယ်
  " ဒါဆို အန်းချန်နိုးရင် ညီမလေးကို ပြောပြအုံးနော် ! "

  " သိပါပြီ ၊ လိမ္မာတယ် ၊ အမြန်သွားနားတော့ ! "
အန်းမုက သူမ နှာခေါင်းကို တို့ထိကာ
   " အိပ်ရာကနိုးရင် လျိုအဒေါ်ရဲ့ ဟင်းလည်း ကျက်လောက်ပြီ "

လူစားထိုး zawgyi font Where stories live. Discover now