044

26 6 0
                                    

  044

     လက်သွယ်သွယ်လေးတွေက ကွန်ပျုတာကီးဘုတ်ပေါ်မှာ တထောက်‌ထောက် မြည်နေတယ် မီလောက မျက်နှာထားလေးနက်စွာနဲ့ ရှာတွေ့ထားတဲ့ အချက်အလက်တွေကို ဆွဲထုတ်လာပြီး လက်ဆွဲကွန်ပျုတာကို လှည့်ပေးလိုက်တာနဲ့ ၁၀လက်မသာရှိတဲ့ ကွန်ပျုတာမျက်နှာပြင်က ချိန်ရှီးလန်ဘက်လှည့်သွားတယ်
  " ရော့ , ကြည့်လိုက် ၊ ဒါက ငါ အံ့အားသင့်ရတဲ့ အကြောင်းအရင်းပဲ "

  ချိန်ရှီးလန်းက ထိုကွန်ပျုတာမျက်နှာပြင်က အချက်အလက်တွေကို ကြည့်ရင်း ‌ကြည့်ရင်း မျက်နှာထားက လန့်ဖို့ကောင်းလာတယ်
  " ဒါဆို...ဟိုစူးအိမ်နဲ့ စွန်ရဲလိုက်ဂိုဏ်းက ဂိုဏ်းတူဆင်းတွေပေါ့ အမဲလိုက်စွန်ရဲဂိုဏ်းက ခွဲထွက်လာတဲ့ လမ်းကြောင်းခြင်း အတူတူပဲပေါ့ နောက်မှသာ စူးအိမ်ခွဲထွက်လာတဲ့ လမ်းကြောင်းက တဖြည်းဖြည်းခြေရာဖျောက်ပြီး အဖြူဘက်ကို ပြောင်းခဲ့လို့ အခုလို ဂုဏ်သရေရှိတဲ့ စူးအိမ်ဖြစ်ခဲ့တာပေါ့ ၊ စွန်ရဲလိုက်ဂိုဏ်းက အမှောင်လမ်းထဲမှာ သူ့ရဲ့ နာမည်ကို ဆက်ထိန်းထားပြီး စွန်ရဲလိုက်ဂိုဏ်းက big boss လန်ခွန်းကလည်း ကြားတဲ့သူအသည်းပျက်ရလောက်တဲ့ တည်ရှိမူ မလား ?! "

  " မမှားဘူး ။ တိကျစွာပြောရရင်တော့ စူးအိမ်ကမှ အမဲလိုက်စွန်ရဲဂိုဏ်းရဲ့ မူလဂိုဏ်းရဲ့ သခင်ဖြစ်တယ် ၊ လန်အိမ်က ဂိုဏ်းခွဲသာဖြစ်တယ် ။ ဒါပေမဲ့ လန်အိမ်က အမှောင်လမ်းမှာ ပိုနာမည်ထွက်ပြီး လွှမ်းမိုးမှုပိုကြီးတယ် ၊ ဒါပေမဲ့ စီးပွားရေးမှာတော့ စူးအိမ်က တဆင့်ပိုမြင့်တယ် ! ငါခန့်မှန်းတာမမှားရင် ဒီနှစ်အိမ်က အလင်းကောအမှောင်ပါ  အုပ်စိုးနိုင်ဖို့ လုယက်တိုက်ခိုက်နေကြတာ ကိုယ့်ရဲ့ မိသားစုအိမ်ကို ပဲကြီးထွားစေချင်ပြီး နောက်တအိမ်ကို ခြေအောက်မှာ ပြားပြားဝပ်စေချင်တယ် ! လွန်ခဲ့တဲ့ နှစ်ရာချီတုန်းကရဲ့ ဂုဏ်သရေကို ပြန်ရယူချင်နေကြတယ် !  "

    မီလော့ က ကွန်ပျုတာကို ပြန်လှည့်ယူလိုက်ပြီးနောက် အားလုံးလုံခြုံဖို့အတွက် ကျွမ်းကျင်စွာဖြင့် ကြည့်ရှူထားသော အရာများကို  ခြေရာဖျောက်ကာ ဖျက်ချလိုက်တယ်
    " အဲ့ဒီအရူးကွာ သူ...သူ...သူတကယ်ရူးနေပြီ ! အပ်နှံတာကို လက်မခံခင် အချက်အလက်တွေ မရှာတတ်ဘူးလား ?! "
   ချိန်ရှီးလန်စိတ်တိုလွန်းလို့ ခြေဆောင့်နေမိတယ် လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ပြန်မပြင်တတ်တဲ့ သူငယ်ချင်းကိုလည်း မကိုင်တွယ်တတ်တော့ဘူး ။

လူစားထိုး zawgyi font Where stories live. Discover now