131

12 3 0
                                    


  084

     ကောင်လေးရဲ့ တီးတိုးရေရွတ်တာကို ကြားလိုက်မိတဲ့ လန်ခွန်း ကောင်လေးရဲ့စိတ်ဆိုးဆိုးမျက်နှာကို မနေနိုင်ပဲ သွားညှစ်မိကာ
   " ဟုတ်တယ်၊ ငါ မင်းလောက်အရွယ်မှာကတည်း ငါ့ငှက်ကလေးက ငှက်ကြီး ဖြစ်နေပြီးပြီ ! ဘာလဲ ? မကျေနပ်ဖူးလား ? "

  မော့ရှောင်ပေ မျက်မှောင်ကြုတ်ကာ ပြန်လည် မပြောဘူး နှုတ်ခမ်းသာ ကိုက်ထားတော့တယ် ။

  မျက်နှာကို ညှစ်နေတဲ့ လန်ခွန်း လက်ကို ဖြည်လိုက်ပြီး မော့ရှောင်ပေရဲ့ ဆံပင်ကို ပွတ်သပ်လိုက်ကာ
  " ရပြီ , အဝတ်အမြန်ဝတ်တော့ ! အအေးပတ်မယ် ! "

  မော့ရှောင်ပေ အင်း ဆိုပြီး အသံပြုကာ ခြေဗလာကိုကြည့်မိတော့ ပေါင်ရင်းထိ အာရုံရောက်သွာကာ ခေါင်းကုတ်ရင်း အသံတိုးတိုးဖြင့် မေးတယ်
  " ကိုကိုကြီး ၊ ဘောင်းဘီတို အသန့်ရှိလား ? "

  လန်ခွန်း သူ့ကို ခေါင်းဘေးစောင်းကာ ကြည့်လိုက်ပြီး ပြောတယ်
  " ငါ့ရဲ့ ဘောင်းဘီတို ကြီးလွန်းတယ် ၊ ဘောင်းဘီပဲ တခါတည်းဝတ်တော့ ! "

 " အုင် "
  မော့ရှောင်ပေက လန်ခွန်းခဏကပေးထားတဲ့ ကုတ်ဘောင်းဘီကို ဖြန့်လိုက်ကာ စွပ်လိုက်တော့ ခါးအရမ်းကျယ်နေတာ တွေ့လိုက်ပြီး အလွန်လည်း ရှည်နေတာကြောင့် ---- မ ! တော် ! ဘူး !

  တော်သေးတာက ခါးပတ်ပါသေးတာကြောင့် မော့ရှောပေ ကြံဆပြီး ခြေအနားကို ခေါက်လိုက်တော့ ဖြူဆွတ်တဲ့ ခြေကျင်းဝတ်ပေါ်ထွက်လာပြီး ခါးပတ်ကိုသေချာပတ်လိုက်တော့ မတန်မရာ ဝတ်ထားတယ် ထင်ရပေမဲ့ ဗလာကျင်းတော့ မဟုတ်နေတော့ဘူးပေါ့ ။

 လန်ခွန်းလည်း အဝတ်ဝတ်ပြီး လှည့်ကြည့်မိ‌ပြန်တော့ မနေနိုင်ပဲ တဟားဟား ရယ်မိပြန်လေတယ် ။

  " ကျွန်တော့်ကိုပဲ မရယ်နေနဲ့ ! "
  မော့ရှောင်ပေ မခံတော့ဘူး ၊ နှုတ်ခမ်းလေးစူကာ တချက်ဟွန့်လိုက်တယ် ။ ခါး ညွှတ်ပြီး ကိုယ့်ရဲ့ ဝတ်စုံအစိုနဲ့ ဖိနပ်ကို ကျွတ်ကျွတ်အိတ်တခုထဲ ‌ထည့်လိုက်ပြီး ၊ ချည်နှောင်လိုက်တယ် ၊ ပြီးနောက် ခေါင်းပြန်လှည့်လာပြီး မျက်နှာသေးသေးလေးက မော့တော့တော့နဲ့ ပါးစပ်လေးပြင်နေကာ တခုခု ပြောချင်နေပုံပဲ ။

လူစားထိုး zawgyi font Where stories live. Discover now