060

22 7 0
                                    


  013

      အရက်မူးကာအိပ်ပျော်သွားသောလန်ခွန်းသည် ဆိုဖာပေါ်မှာ ထိုကဲ့သို့ ဓါတ်ပုံနဲ့ အရက်ခွက်ကို ကိုင်ပြီး တညလုံးအိပ်နေခဲ့တယ် ။

  သူက ဖုန်းခေါ်သံကြောင့် နိုးထလာခဲ့တယ် ။

  မျက်လုံးမှိတ်လျှက်ပဲ ဖုန်းကိုစမ်းကာ လက်ခံနားမထောင်ပဲ ချလိုက်ကာ ၊ လန်ခွန်းက ဆို‌ဖာပေါ်မှာ ခွေကာ ဆက်အိပ်တယ် ။

  ဖုန်းသံက အလျော့မပေးပဲ ထပ်ထွက်လာတယ် ။

  လန်ခွန်း အသံတိုးဖြင့်တချက်ကျိန်ဆဲရင် ဖုန်းကို ကိုင်ကာ ဖုန်းပေါ်က ဆက်သူနာမည်ကို ကြည့်လိုက်တယ် --- ဘယ်သူလဲ ဒီလောက်အစောကြီး လာနှိုးနေတာ ! ရှင်ရတာ စိတ်မရှည်တော့ဘူးလား !

  နာမည်ကို ရှင်းလင်းစွာမြင်ပြီးချိန်မှာတော့ သူခဏ‌တွေဝေသွားပြီးနောက် လက်ခံနားထောင်လိုက်တယ် ပျင်းရိသောလေသံဆိုပေမဲ့လည်း ပြန်လှန်လို့မရတဲ့ ဖိအားတွေ ပါဝင်တယ်
  " အားချိုး ? အချက်အလက်တွေ ရပြီလား ?

  ဟိုဘက်က လျန်ဖုံးကေားက လန်ခွန်းရဲ့အသံကိုနားထောင်ရင်း စိတ်အားမရှိစွာ သက်ပြင်းချမိတယ် ၊ မျက်နှာထားကတော့ မသိသာစေပဲ ဇာတ်ကောင်ထဲဝင်နေစေတယ်
  " ဟုတ်ကဲ့ ၊ အချက်အလက် ကျွန်တော် master ကို ပေးလို့ရတယ် ၊ဒါပေမဲ့ ကျွန်တော့် တောင်းဆိုမှုတခုရချင်တယ် "

  လန်ခွန်း ‌တချက်ကြောင်သွားပြီးတခါတည်း အေးစက်စက် တချက်ဟွန့်လိုက်ကာ စိတ်တိုခြင်းကနေ အရယ်ပြောင်းသွားပြီး
  " တောင်းဆိုမှု ? မင်းက ငါ့နဲ့ တောင်းဆိုမှု ပြောရဲသေးတယ် ? "

  " ကျွန်တော်အဲ့လိုအဆင့်မရှိမှန်းသိပါတယ် ၊ ဒါပေမဲ့ master က ကျေးဇူးတရား ‌ရန်ငြိုးတရားခွဲတတ်တာမို့ ကျွန်တော့်ကို သဘောတူမှာပါ "
လျန်ဖုန်းကေား အသံက ကြောက်တာလည်း ပါနေသလို ခိုင်မာမှုလည်းပါနေသလို လေသံဖြင့် ပြောနေတယ်
   " အကယ်၍ master သဘောမတူရင် အားချိုးကလဲ မြွေပါလဲဆုံးသားလဲဆုံး ဆိုသလိုမျိုး နှစ်ဖက်လုံး ဆုံးရှုံးနစ်နာမှုတွေဖြစ်စေနိုင်မယ် "

လူစားထိုး zawgyi font Where stories live. Discover now