049

29 6 0
                                    


  
  002

       ကွက်တိ ဒီအချိန်မှာပဲ ၊ စူးယီမော့ က လျန်ဖုံးကေားကို ကြည့်လာခဲ့တာမို့ လျန်ဖုံးကေား အကြည့်တွေ ပြန်သိမ်းလိုက်ပြီး ခုန်တာနှေးသွားတဲ့ နှလုံးက အရှိန်တင်လိုက်သလိုပဲ ခဏက ကြိုဆိုပွဲလိုမြည်နေတယ် ---ဖောင်း!ဖောင်း! ဖောင်း !

  " လတ်စသတ်တော့ နောက်ဆက်တွဲရောဂါလား ၊ ကျွန်မတို့မှားတာပါ ၊ ချိုးဟန် စိတ်ထဲမထားပါနဲ့ ! ကျွန်မတို့ကလည်း ရှင့်ကို surprise တိုက်ချင်တာ ! "
    အရှေ့ဆုံးက ကျစ်ဆံမြီးကျစ်ထားတဲ့ ငယ်ရွယ်တက်ကြွတဲ့ မိန်းကလေး တဦးက လက်ဖဝါးနှစ်ဘက်ပူးပြီး စိတ်ရင်းနဲ့ သူ့ကို တောင်းပန်နေတယ်
   " တောင်းပန်ပါတယ် ! "

  လျန်ဖုံးကေားက ဦးနှောက်ထဲကနေ ဒီမိန်းကလေးရဲ့ အချက်အလက်ကိုရှာဖွေနေမိတယ် ---ရှမင် ၊ ' ကျင်ချိုးဟန် 'ရဲ့ 'လက်ထောက် ' ၊ စိတ်ဓါတ်ပွင့်လင်းပေါ့ပါးပေမဲ့ သတိလက်လွတ်ဖြစ်တတ်တဲ့ မိန်းကလေး ဖြစ်တယ် ၊ ကျီကျီကျာကျာနဲ့ အတင်းအဖျင်းပြောတတ်ပြီး တခါတလေ အမှားလေးတွေလုပ်တတ်တယ် ဒါပေမဲ့ ပြဿနာအကြီးကြီးတော့ မဖြစ်ပါဘူး ။

  " ရှရှ ၊ ကျေးဇူးပါ ၊ မင်းစဉ်းစားတဲ့အကြံတွေမလား ? "
လျန်ဖုံးကေားရဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းက မြင့်တယ်လေ ၊ သူအရင်တုန်းက ကျင်ချိုးဟန်ဘေးက လူတွေရဲ့ အချက်အလက်တွေ စုံစမ်းဖူးတယ် ၊ အခု ရုတ်တရက် ထိတွေ့ရချိန် ရှမင် မျက်နှာပေါ်က ပြုံးနေတဲ့အပြုံးကို ကြည့်ရင် သူသိနိုင်တယ် ကိုယ် လုပ်ဆောင်လိုက်တာ မဆိုးဘူး။

  " အာ ! ချိုးဟန် ရှင် စိတ်မဆိုးတော့ရင် အဆင်ပြေပြီ ! "
ရှမင် က ပျော်သွားပြီး နောက် ရေခဲတောင်ဥက္ကဌကြီးကို ကြည့်လိုက်တော့ အသံတိုးကျသွားတယ်
   " CEO စူး လည်း စိတ်မဆိုးပါနဲ့ ...."

  စူးယီမော့က ဘေးမှာ မသိမသာဖြင့် လျန်ဖုံးကေား ကိစ္စကိုဖြေရှင်းနေပုံကို ကြည့်နေတယ်၊ မဆိုးပါဘူး ၊မတွေ့ဖူးတဲ့ လူနဲ့တောင် အမြန်ဆုံးဇာတ်ကောင်ထဲသင့်တော်စွာ ဝင်နိုင်တယ်ဆိုတော့ သူ့ရဲ့ကျွမ်းကျင်မှုကို မြင်ရတယ် !

လူစားထိုး zawgyi font Where stories live. Discover now