053

18 7 0
                                    


  006

       လျန်ဖုံးကေား မူလနေရာမှာပဲ သက်တောင့်သက်သာ ရပ်နေပြီး မျက်လုံးက လှည့်လိုက်တော့ အကြံကထွက်လာတယ် သူက ဟေးပေါက်ရဲ့ အသံနဲ့ နောက်ဆက်တွဲစကားကို ပြောထွက်လိုက်တယ်
  " ဘာအကြံရှိရမှာလဲ ? ‌မင်းပြောကြည့် ငါ ဘာအကြံရှိရမှာလဲ ? လောင်တ ပြောတာ မင်းအလုပ်လုပ်တာ မသေချာဘူး၊ မင်းကို ငါနဲ့ ‌လာဖြေရှင်းခိုင်းတာ ! "

  " ....ပေါက်, အစ်ကိုပေါက် ? "
  ကျင်ချိုးဟန်ကတော့ ဒီအသံက ဟေးပေါက်အသံမှန်း နားထောင်လို့ ထွက်တာပေါ့ မျက်နှာမှောင် သွားပြီး အသံနှိမ့်ကျသွားကာ
   " ငါ မယုံဘူး ၊ လောင်တက ငါ့ကို မသတ်လောက်..."

  " အရင်ကတော့ မဟုတ်လောက်ဘူးပေါ့ ၊ဒါပေမဲ့ မင်း အချိန်ဒီလောက်ကြန့်ကြာနေမှတော့ လောင်တရဲ့ စိတ်ရှည်မှုက ကုန်ပြီပေါ့ ! " လျန်ဖုံးကေား ဆက်ပြီး စကားနှိုက်တယ် အမှန်တော့ သူ အသိချင်ဆုံးက ကျင်ချိုးဟန်က စူးယီမော့ရဲ့ အချက်အလက်တွေ စုဆောင်းလားမစုဆောင်းဘူးလား ၊ ကျင်ချိုးဟန်က စူးယီမော့ကို ထိခိုက်စေနိုင်သလား ?

  ကျင်ချိုးဟန် နှုတ်ခမ်းကိုက်ပြီး စကားမပြောဘူး
  " ငါ လောင်တနဲ့ တွေ့ချင်တယ် ! "
  

  " ဟွန့် ၊ လောင်တက မင်းကို တွေ့ချင်အုံးမယ် ထင်သလား ? အသံအဲ့လောက်အကြာကြီး ပျောက်သွားတယ် ! "
    လျန်ဖုံးကေား တဝက်လောက်သရုပ်ဆောင်ပြီးတာနဲ့ အနောက်က စကားကို မပြောတော့ဘူး ၊ ကျင်ချိုးဟန်ရှေ့ လက်ဖြန့်လိုက်ကာ
  " ပစ္စည်းကို ငါ့ကိုပေး ! "

  " ငါ ...."
ကျင်ချိုးဟန် ခဏလောက်တွေဝေသွားပြီး
  " မင်းတကယ်ပဲ အစ်ကိုပေါက်လား ? "

  လျန်ဖုံးကေား အေးစက်စက် တချက်ရယ်လိုက်ပြီး
" မင်းပြော‌ကြည့်လေ ငါဟုတ်မဟုတ် ၊ အချိန်ဖြုန်းမနေနဲ့ ၊ လောင်တလုပ်ပုံကို မင်းသိပါတယ် ၊ ငါတော့ မင်းနဲ့အတူရောပြီး မခံနိုင်ဘူး ! "

 " ဒါပေမဲ့ ...ငါ "
ကျင်ချိုးဟန်က တွန့်ဆုတ်ဆုတ်ဖြင့်
  " ပစ္စည်းက ငါ့နားမှာ မရှိဘူး ..."

လူစားထိုး zawgyi font Where stories live. Discover now