077

17 5 0
                                    

  030

      " ငါ့မေမေက ငါ့ကို မလိုချင်တာ မဟုတ်ပါဘူး ....သူမက ဖျားနေလို့ပါ ..အတော်ဖျားနေလို့ ...ငါ့ကို မမှတ်မိတာပါ ...."
  လျန်ဖုံးကေား အသံတိုးတိုးဖြင့် ပြောကာ
" ....ငါ့ မေမေနဲ့ အဖိုးကို ဆေးကုဖို့ ပိုက်ဆံမရှိလို့ ဒါ့ကြောင့်  ...ဒါ့ကြောင့် ....ပိုက်...ပိုက်ဆံ ရှာစုချင်...."

  စူးယီမော့ မျက်လုံးလေးပေကလပ်ပေကလပ်ဖြစ်သွားကာ နားလိုက်လိုက်သလိုပဲ
  " လတ်စသတ်တော့ မင်းက ပိုက်ဆံ လိမ်ချင်နေသေးတာပဲ ! "

  လျန်ဖုံးကေား ကိုယ့်လက်ချောင်းကို ဆုပ်ကိုင်ပြီး ခေါင်းမော့ကာ တောင်းပန်သောအကြည့်ဖြင့်စူးယီမော့ကို ကြည့်ရင်း
  " တောင်းပန်ပါတယ်..."

 " ထားလိုက်တော့...."

    စူးယီမော့က လျန်ဖုံးကေားရဲ့ ချစ်စရာမျက်နှာကိုကြည့်တော့ မျက်လုံးနက်နက်ဝိုင်းဝိုင်းထဲမှာ စိတ်ရင်းနဲ့ တောင်းပန်ခြင်းတွေအပြည့်မို့ အပြစ်ဆက်မတင်ဖို့ ဆုံးဖြတ်လိုက်တယ် ၊ သူက လျန်ဖုံးကေားရဲ့ နာမည်ကို မေးတော့မဲ့အချိန် စူးဖခင်က တံခါးတွန်းဝင်လာပြီး
  " အားမော့ , မေမေ့ ဖုန်းလာတယ်နော် ! "

  " တကယ် ? "
စူးယီမော့ ပြေးထွက်သွားပြီး ခြေဖျားထောက်ကာ အဖေ့လက်ထဲက ဖုန်းကို ယူလိုက်ပြီး ပျော်ရွှင်စွာ ခေါ်လိုက်တယ်
   " mommy ! ”

  ဖုန်းရဲ့ဟိုဘက်က ဘာပြောလိုက်လဲ မသိဘူး ၊ စူးယီမော့ ခေါင်းဆက်တိုက်ငြိမ့်ကာ မျက်လုံးပါကွေးပြီး လိမ္မာစွာဖြေတယ်
" ဟုတ်~~~ဒါဆို မနက်ဖြန် ဖေဖေနဲ့ လာပြီး မေမေကို လာကြိုမယ် ! "

   သားရတနာလေးက သူ့မိခင်နဲ့ ရင်းနှီးစွာ ဖုန်းတွေပြောနေချိန် စူးဖခင်က ကုတင်ပေါ်က ကောင်ကလေးကို သေချာကြည့်တော့တယ် ။

 မျက်လုံးတွေကြည်လင်တယ် ၊ လိမ္မာပြီးချစ်ဖို့ကောင်းတယ် ၊ အကြံတွေကြီးတတ်တဲ့ပုံလည်း မဟုတ်ဘူး ။

  လျန်ဖုံးကေားက ဉာဏ်ကောင်းတယ်လေ ဒီမြင့်မြင့်မားမားနဲ့ အမျိုးသားက ဒီကိုကို ရဲ့ ဖခင်မှန်းသိလိုက်တယ် ၊ ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးပေါ့ ....ဒါဆိုသူ၊ ဦးဆောင်ဖြေရှင်းပေးနိုင်တယ် !
      ဒါကို စဉ်းစားမိတာနဲ့ လျန်ဖုံးကေား ကုတင်ကနေ မှောက်ဆင်းလာပြီး ကြမ်းပေါ် ခြေချတာနဲ့ လူကြီးလေးလို ရပ်ပြီးနောက် စူးဖခင်ကို ခါးကိုင်းပြီးအရိုအသေပေးလိုက်ကာ ကလေးသံလေးဖြင့်
  " လူကြီးမင်း ၊ မင်္ဂလာပါ ! ကျွန်တော့်မှာ လူကြီးမင်းကို တောင်းဆိုစရာလေးရှိပါတယ် ၊ လူကြီးမင်း သဘောတူနိုင်မယ်လို့ မျှော်လင့်ပါတယ် "
 
   
  ဒီကောင်လေးက တည်တည်တံ့တံ့နဲ့ ယဉ်ကျေးနေပုံကို  စူးဖခင် မျက်ခုံးလေးပင့်ကာ ကြည့်မိပြီး ရယ်ချင်သွားတယ် ၊ ဒါပေမဲ့ စိတ်ထဲမှာလည်း သူ့အပေါ် သတိလေးထည့်ထားတယ် ။

လူစားထိုး zawgyi font Where stories live. Discover now