104

20 5 0
                                    


  057

     စူးယီမော့ ပြန်မေးလိမ့်မယ်လို့ လျန်ဖုံးကေား မထင်ထားတာမို့ ဘယ်လိုဖြေရမယ်မှန်း မသိစွာ မျက်နှာလေးကုတ်ရင်း
   " ဒါကလား ....."

  အမှန်တော့ လျန်အိမ်ကပြဿနာဖြစ်လို့ လျန်မိခင်က စိတ်တွေမမှန်တော့ပဲ သူ့ကို မမှတ်မိတော့တာနဲ့ အန်းမိခင်က သူ့ကို စွန့်ပစ်တဲ့ ကိစ္စနှစ်ခုနောက်ပိုင်းမှာ သူက အမျိုးသမီးတွေနဲ့ ခပ်စိမ်းစိမ်းပဲလေ ၊ ကြောက်တာထိတော့မဟုတ်ဘူး ၊ အလွယ်တကူ အနားမကပ်တော့တာ ဖြစ်တယ် ။

  အင်း ၊ မီလော့ကလွဲ၍ပေါ့ ၊ မီလော့ရဲ့ စရိုက်က ယောကျာ်းလေးနဲ့တူတာကြောင့် သူမနဲ့ ပြောဆိုဆက်ဆံရတာ ဖိအားမရှိနေဘူး ။ တခြားအမျိုးသမီးဆိုရင်တော့....ထားလိုက်တော့ ။

  ပြီး‌တော့ ငယ်တုန်းက ကောင်လေးတဦးနဲ့ ဘယ်သူက ငွေပိုများရင် ယူရမယ် ကတိပေးဖူးခဲ့တာကိုလည်း လျန်ဖုံးကေား ဝေဝေဝါးဝါးမှတ်မိတယ်လေ ၊ နောက်တော့ အဲ့ဒီကောင်လေးက အိမ်ပြောင်းသွားတယ် ၊ ကိုယ်ကလည်း ကားအက်စီဒန့်ကြောင့် အချိန်အတော်ကြာ အတိတ်မေ့သွားလို့ ထိုလူနဲ့ လွဲခဲ့တယ်....

  ဒါပေမဲ့ ....လျန်ဖုံးကေား စိတ်ထဲမှာ ပိုက်ဆံအများကြီး ရှာလို့ရရင် အမျိုးသားတဦးကို ဇနီးအဖြစ် အိမ်ကို ခေါ်ပြန်မယ် ဆိုတာကို နက်ရှိုင်းစွာ စွဲနေတော့တယ် ။

  ပြီးတော့ ...လန်ခွန်းနဲ့ ရှင်းမရတဲ့ပတ်သက်မှုတွေ ....စူးယီမော့အပေါ် မျှော်လင့်ချက်ဝင်မှုတွေ ....

  ဒီလိုတွေနဲ့ဆိုရင် ကိုယ်က အမျိုးသား ကို နှစ်သက်တာပဲမလား ?

  ဒီအဖြေရပြီးနောက် လျန်ဖုံးကေားလည်း အတင်းကြောက်ကန်မကန်နေဘူး ၊ စူးယီမော့ကိုလည်း ဒဲ့မပြောပြချင်တာကြောင့် သူ မျက်လုံးလေးလှည့်လိုက်တယ် ၊ ခဏက ဖြေရခက်ခြင်းကနေ ခပ်ဆိုးဆိုးပုံပြောင်းသွားလေပြီ ၊ သူ အသာလေးပြုံးကာ စူးယီမော့ကို ပြောတယ်
    " ငါ အရင်မေးတာလေ ၊ မင်း အရင်ဖြေမှ ၊ ငါ ပြန်ဖြေမယ် "

လူစားထိုး zawgyi font Where stories live. Discover now