028

23 6 0
                                    

  028

      " ဘယ်သူက ငါတို့ရဲ့ ဒုတိယသခင်လေးကို စိတ်တိုစေတာလဲ ? "
  ရှည်သွယ်တဲ့ ခန္ဓာကိုယ်က ဘယ်အချိန်က အနားကိုရောက်လာတယ်မသိ ၊ အခု ခေါင်းငုံ့ပြီး နွေးထွေးစွာ အန်းချန်ကို ကြည့်နေတယ် ၊ ပြီးနောက် ကိုယ်ကိုကိုင်းပြီး မြက်ခင်းပေါ် ပစ်လိုက်တဲ့ ဖုန်းကို ကောက်ပေးလိုက်တယ် ။

  အန်းချန်ရဲ့ မျက်နှာထားက ချက်ချင်း‌ကြင်နာမှုဘက်ကို ပြောင်းသွားကာ သူထရပ်လိုက်တယ် ၊ အရှေ့သို့ရောက်လာသူ ကို လိမ္မာယဉ်ကျေးစွာ ခေါ်လိုက်တယ် " အစ်ကိုကြီး ...."

  "  တခုခုဆို ပစ္စည်းကောက်ပစ်တတ်တဲ့ မင်း ရဲ့ အကျင့်က ပြင်သင့်နေပြီ ၊ မင်း ဖုန်းဘယ်နှစ်လုံးတောင် ကောက်ပေါက်လို့ ပျက်ပြီလဲ မင်းပြောပါအုံး ? "

အန်းမုက ဖုန်းကို ကောက်ပြီးအပြန်ပြန်အလှန်လှန်ကြည့်လိုက်ပြီးမှ အန်းချန်ကို ပြန်ပေးတယ်
   " ဒီဖုန်းbrandက  ခိုင်လို့တော်သေးတယ် မဟုတ်ရင်လည်း မင်းကောက်ပေါက်တောင် မလောက်ဘူး "

 " ညီ နောက်တခေါက် မလုပ်တော့ပါဘူး "
အန်းချန် လိမ်မာစွာနဲ့ ပြန်ဖြေတယ် ပြီးနောက် ဖုန်းကို အိပ်ကပ်ထဲထည့်ကာ အန်းမုရဲ့လက်ကို ဆွဲပြီး ဂေါက်ရိုက်ကွင်းသို့ သွားလေပြီ
" အစ်ကို ၊ ညီတို့ ဆက်ပြီး ဂေါက်ဆက်ရိုက်ရအောင်!"

  အန်းမု မတတ်သာစွာဖြင့် သူ့ကို ကြည့်ရင်း
  " ငါက ရေငတ်လို့ ရေလာသောက်တာလေ "

  ___နောက်ဆုံးတော့ စားပွဲက အန်းချန် ခြေတချက်တည်းနဲ့ အကန်ခံလိုက်ရပြီ ဘာရေသောက်အုံးမှာလဲ ! လည်ချောင်းက မီးတောက်တော့မယ် ဂေါက်က ဆက်ရိုက်ဖို့ အဆွဲခေါ်နေရတယ် အန်းမု စိတ်လျော့ပြီး သက်ပြင်းချမိတယ်

  အန်းချန် ခြေလှမ်းတန့်သွားပြီး အန်းမု ကို ထွက်ပေါက်ဖက်သို့ ပြန်ဆွဲခေါ်သွားတယ်
  " ဒါဆို ဂေါက်မရိုက်တော့ဘူး ညီတို့ သွားကြမယ် ! "

  
    " ထားလိုက်တော့ ၊ ငါ မင်းနဲ့ အဖော်လုပ်ပြီး ထပ်ရိုက်ပေးမယ် ! "
  အန်းမုက သူ့အကျင့်အတိုင်း ကောင်းကောင်းမွန်မွန် ပြောတယ် ။

လူစားထိုး zawgyi font Where stories live. Discover now