Chapter(7)

249 9 0
                                    

သက်တန့်ပြန်လည်၍နေကောင်းလာသောအခါ နန်းဆက်က သူမရဲ့နှိပ်စက်ခြင်းလုပ်ငန်းကိုပြန်စတင်ခဲ့သည်။နန်းဆက်က သက်တန့်ကို အရာရာတွင် စိတ်တိုင်းမကျပဲရှိ၏။

"အဆင်မပြေဘူး ကလေးမ။မင်းရဲ့ညံ့ဖျင်းမှုအတွက် ကိုယ့်ကိုအပြစ်မတင်ဖို့မျှော်လင့်တယ်"

ထိုသို့ပြောရင်း သက်တန့်ကို အခန်းတစ်ခုထဲသို့ခေါ်သွားခဲ့သည်။ထိုအခန်းက တိတ်ဆိတ်ငြိမ်သက်လွန်းနေသည်။အခန်းတစ်ခုလုံးရှိ နံရံများက အဖြူရောင်ဖြစ်သည်။အခန်း၏အလယ်တွင်လိုအပ်သောပစ္စည်းများစွာကို ပြင်ဆင်ပေးထားသည်။

"မင်းရေးဆွဲမယ်ဆိုတဲ့အရာတွေကို ဒီနေရာမှာကြိုးစားကြည့်ပါ"

"ဒီနေရာကြီးက မုန်းစရာကောင်းလိုက်တာ"

"ဒါပေါ့။ဒီနေရာမှာ မင်းသိပ်ကြောက်တဲ့တိတ်ဆိတ်ခြင်းတွေပဲရှိလိမ့်မယ်။ဘယ်လိုအသံမျိုးကိုမှ ကြားရမှာမဟုတ်ဘူး။နောက်ဆုံး မင်းနှစ်သက်တဲ့သီချင်းတွေကိုတောင် နားထောင်ခွင့်မရှိဘူး"

"သက်တန့် လုပ်နိုင်မှာမဟုတ်ဘူး နန်းဆက်"

"လက်မှတ်ထိုးထားတဲ့သဘောတူစာချုပ်ကို မမေ့ပါနဲ့။ဒီအခန်းထဲမှာ မင်းရဲ့အလုပ်ကို ပြီးအောင်လုပ်ပါ။အလုပ်မပြီးမချင်း မင်းက ဒီအခန်းရဲ့အပြင်ကို မထွက်ရဘူး။မင်းအတွက် လိုအပ်မယ့်အရာအားလုံးကို သူ့အချိန်နဲ့သူ လာပို့ပေးမယ်”

"သက်တန့် မလုပ်နိုင်ဘူး။ဒီအခန်းက တိတ်ဆိတ်လွန်းတယ်။အဲ့ဒါကို မုန်းတယ်"

"လုပ်ရလိမ့်မယ်။မင်းရဲ့အိမ်မက်တွေကို မမေ့ပါနဲ့။ဒီနေရာမှာမင်းအတွက် တစ်ပတ်အချိန်ရမယ်။တစ်ပတ်ပြည့်လို့ ကိုယ်လာရင် မင်းရဲ့အလုပ်ပြီးနေတာကိုပဲ မြင်ချင်တယ် ကလေးမ"

နန်းဆက်က သူပြောလိုသမျှ‌တွေကို ပြောပြီးသောအခါ သက်တန့်ကိုနေခဲ့ရန်ပြောပြီးတံခါးကိုအပြင်မှသော့ခတ်လိုက်သည်။နန်းဆက်က သက်တန့်ကို တိတ်ဆိတ်ငြိမ်သက်လွန်းနေသောအခန်းတစ်ခုထဲတွင် တစ်ယောက်ထဲထားခဲ့ခြင်းဖြစ်သည်။ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချရင်း သက်တန့်မှာစိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရသည်။

သက်တန့်မျှော်စင်💛Where stories live. Discover now