သက်တန့်ရဲ့ကျန်းမာရေး စိတ်ချရချိန်အထိ သက်တန့်ရဲ့အိမ်တွင် နန်းဆက်အတူတူရှိပေးခဲ့သည်။
"မင်း နေကောင်းနေပြီဆိုတော့ ကိုယ်ပြန်တော့မယ်။ကိုယ်ကူညီပေးမယ်လို့ပြောထားတဲ့ကိစ္စကိုသေချာစဉ်းစားပါ ကလေးမ....."
"သက်တန့် စဉ်းစားပြီးရင် နန်းဆက်ကိုပြောပါ့မယ်"
သက်တန့်ရဲ့လက်ထဲသို့ ကတ်လေးတစ်ကတ်ကို နန်းဆက်ထည့်ပေးလိုက်သည်။
"ဒါက ကိုယ့်ရဲ့ဖုန်းနံပါတ်။စဉ်းစားပြီးရင်ပြောပါ"
“ရှင့်ဆီကိုဖုန်းဆက်လိုက်ပါ့မယ်"
"အိုကေ....ဒါဆိုကိုယ်သွားတော့မယ်"
နန်းဆက်ပြန်သွားသောအခါ သက်တန့်တစ်ယောက်ထဲ အကြိမ်ကြိမ်အခါခါ စဉ်းစားနေမိသည်။နန်းဆက်ပေးမည့်အကူအညီကို ယူလိုက်ရမလား၊ဒါမှမဟုတ် ငြင်းပယ်လိုက်ရမလား......။အခြေအနေနှစ်ခုကြားတွင် သက်တန့်တွေဝေနေခဲ့သည်။ဘာကိုဆုံးဖြတ်ရမလဲ မသေချာခဲ့ပါ။
သက်တန့်က နန်းဆက်ထည်ဝါ၏ခပ်ကြောကြောအပြုအမူများကိုမုန်းသည်။ထိုအပြုအမူအားလုံးကိုသည်းခံပြီး နန်းဆက်နှင့်အမြဲတမ်းပတ်သက်နိုင်ပါမလား။ထိုသို့စဥ်းစားမိသောအခါသက်တန့်က သူမကို ငြင်းဆန်လိုက်ဖို့ ကြိုးစားလိုက်သည်။
သို့သော် သက်တန့်၏အိမ်မက်များက နန်းဆက်၏အကူအညီကို လက်ခံလိုက်ဖို့တောင်းဆိုနေကြပြန်သည်။
သက်တန့်အတွက် မလွယ်ကူသော အခြေအနေတစ်ချို့ကို ဆုံးဖြတ်ချက်ချဖို့ တစ်ယောက်ယောက်ကူညီကြပါဟု မြည်တမ်းရင်းရှိနေမိသည်။
တစ်ရက်ပြီးတစ်ရက် အချိန်တို့ ကုန်ဆုံးသွားခဲ့ကြသည်။ယခုအချိန်အထိ သက်တန့်မှာ ဆုံးဖြတ်ချက်မချနိုင်သေးပဲရှိသည်။
ဤသို့ဖြင့်သက်တန့်သည် နန်းဆက်ထည်ဝါ၏လွှမ်းမိုးမှုများဆီမှထွက်ပြေးဖို့ကြိုးစားနေမိသူဖြစ်မှန်းမသိဖြစ်နေခဲ့၏။ထိုသို့ထွက်ပြေးဖို့ကြိုးစားသော်လည်း သက်တန့်၏အတွေးထဲတွင် နန်းဆက်ထည်ဝါ၏အကြောင်းများက ပြည့်နှက်နေခဲ့သည်။
YOU ARE READING
သက်တန့်မျှော်စင်💛
Fantasyနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...