နန်းဆက်သည် သတိမေ့နေရာမှနိုးလာသောအခါမိမိအနီးတွင်ရှိနေခဲ့သောသက်တန့်ကိုတွေ့လိုက်ရသည်။
"ဒဏ်ရာကသိပ်နာနေသလားဟင်"
သက်တန့်ကနန်းဆက်ကိုနမ်းရှိုက်ဖို့ကြိုးစားသောအခါနန်းဆက်ကငြင်းဆန်လိုက်ပါ၏။
"ကိုယ့်ကိုမနမ်းနဲ့Honey"
နန်းဆက်သည်သက်တန့်ရင်ခွင်ထဲမှရုန်းထွက်လိုက်ရင်းသက်တန့်၏ယုယမှုများကိုငြင်းဆန်လိုက်သည်။
"သက်တန့်ကိုစိတ်မဆိုးပါနဲ့နန်းဆက်ရယ်။သက်တန့်မနေနိုင်လို့ပါ"
"မနေနိုင်ရင်ဇိန်းနဲ့သွားတွေ့လိုက်ပေါ့ Honey"
"ဘယ်လိုစကားမျိုးပြောလိုက်တာလဲနန်းဆက်။အဲ့ဒီစကားမျိုးကရင့်သီးပက်စက်လွန်းတယ်"
"မင်းကိုအဲ့ဒီလိုပြောသင့်တာပဲလေ။မင်းကအမြဲတမ်းဇိန်းကိုကြည်ဖြူနေခဲ့တာမဟုတ်လား"
"မဟုတ်ပါဘူး နန်းဆက်ရယ်။ရှင်ကျေနပ်အောင်သက်တန့်ဘာလုပ်ရမလဲ။ပြောပါ"
"ဒီအရာကတစ်ခုခုပြန်လုပ်ပေးလို့ရတဲ့ကိစ္စမျိုးလို့မင်းသတ်မှတ်ထားသလား Honey"
"အဲ့ဒီလိုဆိုလိုတာမဟုတ်ပါဘူး။ဖြစ်ပြီးသွားတဲ့အရာကိုပြန်ပြင်ဆင်လို့မရပေမယ့် နန်းဆက်ကျေနပ်တဲ့အထိတောင်းပန်ခွင့်တော့ရှိတယ်မဟုတ်လား"
"ဒီဖြစ်စဉ်အတွက်အခွင့်အရေးတစ်ခုပေးပါလို့တောင်းဆိုဝံ့သလား Honey"
"မဝံ့ရဲပါဘူး နန်းဆက်။ဒါပေမယ့်နန်းဆက်ကသက်ညှာပေးမယ်မို့လား။နန်းဆက်ရဲ့ချစ်ခြင်းတွေက သက်တန့်အတွက်ရှိနေမယ်လို့ယုံကြည်ပါတယ်"
"တော်တော်လေးမျှော်လင့်ထားတာပဲ”
“သက်တန့်ကိုချစ်တယ်မဟုတ်လားဟင်”
နန်းဆက်က ဘာစကားးမှထပ်မပြောခဲ့တော့ပါ။စကားပြန်မပြောပဲ ငြိမ်သက်နေခဲ့သောနန်းဆက်ကိုကြည့်ရင်း သက်တန့်ဝမ်းနည်းလာမိသည်။
"တစ်ခုခုပြောပါ နန်းဆက်။အဲ့ဒီလိုလုပ်မနေပါနဲ့"
နန်းဆက်ကမဲ့ပြုံးတစ်ချက်ပြုံးရင်းသက်တန့်ကိုကြည့်လိုက်သည်။နန်းဆက်ကသက်တန့်ရဲ့မျက်နှာကိုအေးစက်သောမျက်လုံးများဖြင့်အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ထို့နောက်သက်တန့်၏လက်ကိုဆွဲယူ၍သူနဲ့လိုက်ခဲ့ဖို့ပြောလာသည်။
YOU ARE READING
သက်တန့်မျှော်စင်💛
Fantasyနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...