Ch 35&36

371 37 0
                                    

Ch 35

ဝိန်ဖိန်က ခေါက်ဆွဲကို ပါးစပ်ထဲက ထွေးထုတ်လိုက်ပြီး သူ့မျက်နှာလေး ရှုံ့တွကာ ခါးသီးတဲ့ ဖရဲသီးမျက်နှာလေး ဖြစ်သွားသည်။

တခြားလူများစွာက သူတို့ရဲ့မျက်နှာများတွင် ရှုပ်ထွေးသောအမူအရာများဖြင့် အခြေအနေ မကောင်းပေ။

ဝိန်ရှောင်ရှောင် ထွက်လာချိန်မှာတော့ သူမမြင်လိုက်ရတာက သူတို့ပြောမပြနိုင်တဲ့ အမူအရာတွေပါပဲ။

ပေါ်ရီ့လျန်က သူ့မျက်နှာကို တည်ငြိမ်စွာ ဖြစ်နေသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် စိတ်ရှုပ်သွားသည်။

သူက သူ့ကိုယ်သူ ပါးရိုက်သလို ဖြစ်သွားသည်။ ခေါက်ဆွဲက အရမ်းရိုးရှင်းတယ်လို့ သူထင်ထားပြီး သူလုပ်ထားတဲ့ ခေါက်ဆွဲတွေက သိပ်မဆိုးဘူးလို့ ထင်ခဲ့ပေမယ့် သူ မမျှော်လင့်ထားပေ...

ဝိန်ရှောင်ရှောင်က ညစာစားပွဲမှာထိုင်ပြီး ထူးဆန်းတဲ့ အမူအရာဖြစ်နေတဲ့ သူတို့ကို ကြည့်လိုက်သည်။ 

“ဘာလို့ မစားကြတာလဲ? စောင့်နေတာလား” လို့ သံသယနဲ့ မေးသည်။

ပေါ်ရီ့လျန်က ချောင်းဆိုးပြီး "စားကြည့်ကြည့် အရသာက ဘယ်လိုလဲ" ဟုဆိုသည်။

ကလေးငါးယောက်က စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ သူတို့ရဲ့ အကြည့်များအောက်တွင် ဝိန်ရှောင်ရှောင်က တူများကို ကောက်ယူပြီး စတင်စားသောက်သည်။

ခေါက်ဆွဲကို ပါးစပ်ထဲထည့်လိုက်တာနဲ့ ဝိန်ရှောင်ရှောက်ရဲ့ မျက်နှာက ပြောင်းလဲသွားသည်။

ဒီခေါက်ဆွဲက အဆိပ်ပြင်းတယ်။

ဘယ်လို ချိုနေရတာလဲ? ခေါင်းကိုမော့ပြီး ပေါ်ရီ့လျန်ကို ကြည့်ကာ "ဆားနဲ့ သကြားကို မှားထည့်တာ မဟုတ်လား။

အဟမ်း...

ပေါ်ရီ့လျန်က မျက်နှာအမူအရာမရှိဘဲ ချောင်းခြောက်ဆိုးနေသော်လည်း သူ့နားရွက်ထိပ်များက မယုံနိုင်လောက်အောင်ပင် နီရဲနေသည်။ သွေးများယိုစီး လုနီးပါးဖြစ်ကာ ပူလောင်နေသလို ခံစားရသည်။

ကျန်းဖုစီက ပေါ်ရီ့လျန်ကို ထိုကဲ့သို့ မြင်သောအခါ တိတ်တဆိတ် ပြုံးလိုက်သည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now