Ch 121&122

664 60 0
                                    

Ch 121

အဝတ်အစားဝတ်ပြီးနောက် ဖုကျန်းစီက အပေါ်ထပ်မှဆင်းလာပြီး မိဘနှင့် ညီမကို နှုတ်ဆက်ကာ အပြင်ထွက်လာခဲ့သည်။

ပေါ်ရီ့ပင်းက သူတို့အိမ်ကို အကြောင်းကြားပြီးနောက် သူတို့အိမ်မှာ ကြာကြာမနေဘဲ ပြန်လာခဲ့သည်။

အပြင်မှာ ရာသီဥတုက ပိုအေးလာသည်။ အပြန်လမ်းမှာ ပေါ်ရီ့ပင်းရဲ့ ပါးနဲ့ နားရွက်တွေက အအေးဒဏ်ကြောင့် နီရဲလာသည်။

အိမ်ထဲကို အမြန်ဝင်လိုက်တော့ သူ့ခန္ဓာကိုယ်ပေါ်က အအေးဓာတ်က တဖြည်းဖြည်း လျော့ပါးလာသလို ခံစားလိုက်ရသည်။

"အစ်ကို မရီး" ပေါ်ရီ့ပင်းက အထဲဝင်လိုက်တာနဲ့ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အစ်ကိုကြီးနဲ့ မရီးကို တွေ့လိုက်ရသည်။

အနီးနားတွင် ကလေးတွေက အရုပ်နဲ့ ကစားနေကြသည်။ အစ်ကိုကြီးနှင့် မရီးတို့ ပြန်လာပြီးနောက် အိမ်က ပိုပြီးအသက်ဝင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

အမေပေါ်က အိမ်ထိန်း ချက်တဲ့ဟင်း အဆင်ပြေမပြေ ကြည့်ဖို့ မီးဖိုချောင်ထဲကို သွားခဲ့သည်။

ကမ္ဘာကုန်ပြီးနောက်တွင် အိမ်ထိန်းမရှိတော့ဘူးဟု ပြောသင့်သော်လည်း ဒီတစ်ယောက်က သူတို့နဲ့ အတူလိုက်လာတာဖြစ်သည်။

အိမ်ထိန်းက နောက်ထပ် အနည်းငယ် ရှိသေးသော်လည်း တခြားသူများက နုတ်ထွက်ပြီး ၎င်းတို့ရဲ့ မိသားစုများကို ရှာဖွေရန် သွားခဲ့ကြသည်။

သူတို့ထွက်သွားတဲ့အခါ အမေပေါ်က သူတို့ကို မတားခဲ့ပေ။ သူတို့ထွက်သွားတဲ့အခါ လစာနည်းနည်းတောင် ပေးလိုက်သေးသည်။

ဒါပေမယ့် နောက်ပိုင်းမှာ ပိုက်ဆံနဲ့ ထိုအရာအားလုံးက အသုံးမဝင်တဲ့ စက္ကူအမှိုက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဒါ့အပြင် အစားအစာက အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံး ဖြစ်လာသည်။

ထမင်းစား စားပွဲပေါ်တွင် ဟင်းပွဲများစွာ ရှိသည်။ အများစုက ဝိန်ရှောင်ရှောင် ယူလာခဲ့တာ ဖြစ်သည်။

ဝိန်ရှောင်ရှောင်ရဲ့ နေရာလွတ်ထဲမှာ ကြက်၊ ဘဲ၊ ငါး၊ ပုစွန် စသဖြင့်...... ပြည့်နှက်နေသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now