Ch 137

522 54 0
                                    

Ch 137

ရာသီဥတုက အေးခဲနေပြီး ငန်းမွေးလို ဖြူဖွေးနေတဲ့ နှင်းတွေက မြေပြင်နဲ့ အမိုးတွေကို ဖုံးအုပ်ထားကာ ခေါင်မိုးပေါ် ကြွေကျနေတာကို ကြည့်လိုက်ရင် ဖြူဖွေးလှပလွန်းသည်။

ဆိုးရွားလွန်းလှတဲ့ ကမ္ဘာပျက်ကပ်တွင် ဒီလိုအဖြူကွက်ကို မြင်ရန် မလွယ်ကူပေ။

သုံးရက်သုံးည နှင်းကျတာ မရပ်ဘဲ ရာသီဥတုက ပိုအေးလာသည်။

တခါတရံ လူတချို့က တစ်နေရာရာမှာ အေးခဲပြီး သေသွားတယ်လို့ အဖေပေါ်ကို သတင်းပို့ကြသည်။ အခြေစိုက်စခန်းတစ်ခုလုံးက လူတွေက တစ်နေ့လုံး စိတ်ပူနေကြပြီး စခန်းမှာရှိတဲ့လူတွေအားလုံးက နည်းနည်းတော့ စိတ်ရှုပ်ထွေးနေကြသည်။

ဒီရက်တွေမှာ နှင်းများကျလာတာကြောင့် ဝိန်ရှောင်ရှောင်နဲ့ ကလေးတွေက RV ထဲတွင် မအိပ်ခဲ့ကြပေ။ 

ဝိန်ရှောင်ရှောင်က ပြတင်းပေါက်ကနေ အပြင်ဘက်မှာ ကျဆင်းနေတဲ့ နှင်းတွေကို ကြည့်ပြီး စိတ်အနှောက်အယှက်ဖြစ်သွားသည်။ သူမက အဝတ်ထူထူ ဝတ်ထားသော်လည်း အအေးဒဏ်ကို ခံစားနိုင်ဆဲဖြစ်သည်။

သူမကိုယ်ပိုင်အခြေစိုက်စခန်းကိုတွေးရင်း တတ်နိုင်သမျှ မြန်မြန်ပြန်နိုင်ပါစေလို့ ဆုတောင်းလိုက်သည်။ ၎င်းတွင် တစ်နှစ်မှာလေးရာသီရှိပြီး သက်တောင့်သက်သာရှိလှကာ သက်ကြီးရွယ်အိုတွေကို အနားယူဖို့ အသင့်တော်ဆုံးနေရာလည်း ဖြစ်သည်။

"ဘာဖြစ်တာလဲ? ဘာလို့သက်ပြင်းချနေတာလဲ" ပေါ်ရီ့လျန်က အတွေးလွန်နေတဲ့ ဝိန်ရှောင်ရှောင်ကို ကြည့်လိုက်သည်။

"ဒီရာသီဥတုက အရမ်းအေးလွန်းတယ်။ ဒီလိုဆက်ကျနေရင် နည်းလမ်းမရှိတော့ဘူး" လို့ သူမရဲ့ စိုးရိမ်ပူပန်မှုက ပုံမှန်ပါဘဲ။

အပြင်ဘက်မှာ နှင်းတွေက ကလေးပေါင်းများစွာရဲ့ လည်ပင်းတွေကို ဖုံးအုပ်ထားနိုင်သည်။ ဘယ်လောက်ထူလဲဆိုတာ တွေးကြည့်နိုင်သည်။

သုံးရက်သုံးည နှင်းတွေအရမ်းကျပြီး ကလေးတွေက အေးလွန်းတဲ့အတွက် အိပ်ရာထဲမှာ တစ်ချိန်လုံး လှဲနေကြရသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now