Ch 140

563 51 0
                                    

Ch 140

ညရောက်လာတာနဲ့အမျှ ဧည့်ခန်းက အသက်ဝင်လာသည်။ ဒီနေ့က ကလေးတွေရဲ့ မွေးနေ့ဖြစ်ပြီး လာတဲ့လူလည်း သိပ်မများပေ။

ရာသီဥတုအေးတာကြောင့် ပေါ်ရီ့လျန်သူငယ်ချင်းတွေနဲ့ သူတို့ကဲ့မိသားစုဝင်တွေသာ ရောက်လာကြသည်။ တကယ်လို့သာ ကမ္ဘာပျက်ကပ်မဟုတ်ပါက ကလေးတွေရဲ့မွေးနေ့ပွဲက ကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ပွဲဖြစ်မှာ သေချာသည်။

"ချစ်လေး မွေးနေ့မှာ ပျော်ရွှင်ပါစေ!" အမေဖုက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရောင်ခေါင်းဆောင်း ဆောင်းထားတဲ့ ကလေးငါးယောက်ကို ကြည့်လိုက်သည်။ ပါးဖောင်းဖောင်းတွေနဲ့ အရမ်းချစ်စရာကောင်းနေသည်။

အမေဖုက ဝံပုလွေမျက်လုံးနဲ့ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ကလေးငါးယောက်ဆီ လျှောက်လာပြီး ပါးညစ်ဖို့ လက်ဆန့်ထုတ်လိုက်သည်။

ဝိန်မိုက မျက်မှောင်ကြုတ်ကာ မကျေနပ်တဲ့မျက်နှာဖြင့် ဆန့်ထုတ်လာတဲ့လက်ကို ကြည့်ပြီး ဆိုဖာပေါ်ကနေ မတ်တပ်ထရပ်ရင်း သူမလက်ကို ရှောင်လိုက်သည်။

အမေဖုက သူရှောင်သွားတာကို ကြည့်ပြီး ဒေါသမထွက်ဘဲ မျက်နှာက ပြုံးနေပြီး လုံးဝမရှက်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဒီကလေးက သူ့ရဲ့အေးစက်တဲ့အဖေနဲ့ တော်တော်ဆင်တူပြီး စိတ်နေစိတ်ထားပါ တူတယ်လို့ ခံစားလိုက်ရသည်။

ညစာက အလွန်အရသာရှိပြီး စားပွဲအလယ်တွင် ကိတ်မုန့်တစ်ခုချထားပြီး နို့နံ့မွှေးပျံ့နေသည်။

လူတိုင်းက ထမင်းစားဖို့ စားပွဲမှာထိုင်လ်ိုက်ပြီး စကားစမြည်ပြောကြကာ တော်တော်စည်ကားနေသည်။

မွေးနေ့ပွဲဆိုတာ တကယ်တော့ ရိုးရိုးရှင်းရှင်းပါပဲ။ ကမ္ဘာပျက်ကပ်မှာ မိသားစုဝင်အားလုံး အတူထိုင်ပြီး မွေးနေ့ပွဲကျင်းပပြီး တကယ့်ကို ရှားသည်။ ထမင်းကိုတောင် ဗိုက်ပြည့်အောင် စားတာက မဖြစ်နိုင်ပေ။

ဝိန်ရှောင်ရှောင်က ဒီအခြေစ်ိုက်စခန်းကို လှည့်ပတ်လ်ိုက်သည်။ တစ်ချို့လူတွေက စားဖို့တောင်မလောက်ကာ တစ်နေ့ကို ထမင်းသုံးနပ် စားတယ်ဆိုတာ မသိတော့ပေ။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now