Ch 142

450 44 0
                                    

Ch 142

အချိန်တွေက ရွေ့လျားနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်သစ်ရဲ့ ပထမဆုံးနေ့ရောက်လာသည််။

ဒီနေ့တွင် စခန်းရှိလူများက ထူးထူးခြားခြား တက်ကြွရွှင်လန်းကြသည်။

အခြေစိုက်စခန်းရှိလူများက အသားများအပါအဝင် အစားအစာများစွာကို ရကြသည်။

ဝိန်ရှောင်ရှောင် ဒီကိုရောက်လာပြီးနောက် အခြေစိုက်စခန်းရှိလူတိုင်းက အနည်းဆုံးတော့ ဗိုက်တစ်ဝက်ပြည့်အောင် စားနိုင်သည်။

ဝိန်ရှောင်ရှောင်က ဒီနေ့တစ်နေ့လုံး အလုပ်များနေပြီး မက်မွန်သီးလေးကလည်း ဝိန်ရှောင်ရှောင်ကို ကူညီပေးဖို့ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။

ဝိန်ရှောင်ရှောင်က မုန့်စိမ်းကို လှိမ့်လိုက်ပြီး အဆာကို ပြင်ဆင်ချိန်တွင် ဖယ်ထားလိုက်သည်။ ခဏကြာပြီးနောက် ဖက်ထုပ် ထုပ်လို့ရပြီ။

အမေပေါ်ကလည်း စားပွဲမှာထိုင်ပြီး ဖက်ထုပ်ထုပ်နေသည်။ ယောင်္ကျားလေးတွေက ဆိုဖာပေါ်ထိုင်ပြီး စကားစမြည်ပြောနေကြသည်။

"မေမေ ဘာလုပ်နေကြတာလဲ" နတ်သူငယ်လေး ဝိန်ဖိန်က အောက်ထပ်သို့ ပြေးဆင်းလာသည်။ အမေ၊ အဖွားနဲ့ မက်မွန်သီးလေးတို့ လက်ထဲတွင် ကိုင်ထားသည့် ဖြူဖွေးပျော့ပျောင်းတဲ့ မုန့်စိမ်းကို ကြည့်ပြီး စူးစမ်းလိုသော မျက်လုံးဝိုင်းကြီးဖြင့် သူမအမေကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူမရဲ့ လက်ဖောင်းဖောင်းလေးကို စားပွဲဆီ ဆန့်ထုတ်လိုက်ပြီး မုန့်စိမ်းတစ်ပိုင်းကို ဆွဲယူလိုက်သည်။

ဝိန်ရှောင်ရှောင်က မုန့်စိမ်းကို ဂရုတစိုက်ယူနေတဲ့ ဝိန်ဖိန်ကို ကြည့်ပြီး သူမစိတ်ထဲတွင် ရယ်စရာကောင်းတယ်လ်ို့ ခံစားလိုက်ရသည်။

"ဘာလုပ်နေတာလဲ" ဝိန်ရှောင်ရှောင်က တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ 

"မလုပ်ပါဘူး ဘာမှမလုပ်ပါဘူး။" ဝိန်ဖိန်က မုန့်စိမ်းကို ကျောနောက်မှာ ဝှက်ထားပြီး မျက်လုံးဝိုင်းဝိုင်းနဲ့ ဝိန်ရှောင်ရှောင်ကို ကြည့်သည်။

"ထုတ်လာခဲ့! မေမေ မြင်လ်ိုက်တယ်။ ကစားချင်ရင် ကစားလို့ရတယ်။ ဒါပေမဲ့ တစ်ခါတည်းပဲ။" ဝိန်ရှောငါရှောင်က ညင်ညင်သာသာပြောသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now