Ch 96

613 63 0
                                    

Ch 96.1

မျက်စိတစ်မှိတ်အတွင်းမှာပဲ လဝက်ကျော် ကြာသွားခဲ့သည်။ ခရီးရဲ့ ငါးပုံ နှစ်ပုံကျော်လောက် သွားခဲ့ပြီး B မြိုကိုရောက်ဖို့ လမ်းတစ်ဝက်လောက်ဘဲ ကျန်တော့သည်။

ခရီးလမ်းတစ်လျှောက်မှာ ဖုတ်ကောင်တွေ အများကြီးတွေ့ခဲ့ရပေမယ့် ၎င်းတို့အားလုံးကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

အသက်ရှင်ကျန်ရစ်သူ အများအပြားကိုလည်း တွေ့ခဲ့ကြသော်လည်း ဝိန်ရှောင်ရှောင်က ၎င်းတို့ကို မခေါ်သွားပေ။ ၎င်းအစား သူမတည်ဆောက်ထားသည့် လုံခြုံတဲ့ အခြေစိုက်စခန်းကို ပြောပြခဲ့သည်။

အခြေစိုက်စခန်းတစ်ခုဟု ဆိုသော်လည်း အမှန်တကယ်တွင် ၎င်းက အသစ်စက်စက်မြို့နှင့် ပိုတူသည်။

အပြင်ဘက် ကောင်းကင်မှာ တိမ်မည်းတွေ ဖုံးလွှမ်းနေပြီး မိုးရွာတော့မယ့်ပုံ‌ပေါ်သည်။ ကောင်းကင်က မှောင်မဲနေပြီး ပတ်ဝန်းကျင်ကိုပါ အလင်းရောင်ပါ မမြင်ရပေ။

အက်ကွဲသည့်အသံကြောင့် ဝိန်ရှောင်ရှောင် လန့်သွားသည်။ သူမက ပြတင်းပေါက်ဆီ သွားပြီး ကြည့်ရာ မိုးပေါ်ကနေ မိုးသီးတွေ ကျလာတာကို တွေ့လိုက်ရသည်။

ဝိန်ရှောင်ရှောင်က အခြေအနေ အနည်းငယ် ဆိုးတယ်လို့ ခံစားမိပြီး "လျန်လျန် အပြင်မှာ မိုးတွေ ရွာနေတယ်။ ကျွန်မတို့ ခိုဖို့ နေရာရှာသင့်တယ်" လို့ စိုးရိမ်စွာဖြင့် ပြောသည်။

"အွန်း!"

ပေါ်ရီ့လျန်က ညင်ညင်သာသာ တုံ့ပြန်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။

ထို့နောက် သူက ချိန်ရိကို ပြောပြီး ခိုလှုံဖို့ နေရာရှာခိုင်းလိုက်သည်။

ချိန်ရိက ပတ်ပတ်လည်ကို ကြည့်ကာ စက်ရုံကြီးတစ်ခုကို ရွေးချယ်လိုက်သည်။

RV က ဝင်ဖို့ မဆံတာကြောင့် စက်ရုံအပြင်ဘက်မှာ ရပ်ထားရသည်။

RV မှ စောင်တွေ၊ အဝတ်ထူထူတွေနှင့် အစားအစာတချို့ကို ယူပြီး ဝိန်ရှောင်ရှောင်က RV ကို အာကာသထဲ ထည့်လိုက်သည်။

RV က ထွက်လာတော့ အပူချိန်က သိသိသာသာ ကျဆင်းသွားပြီး အရမ်းအေးသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now