Ch 152

433 42 1
                                    

Ch 152

ကောင်လေးရဲ့ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးက ထောင့်စွန်းတွင် ပုန်းအောင်းနေပြီး တခြားကောင်လေးတွေနဲ့ ကောင်မလေးတွေ စားပွဲပေါ်ရှိ အစားအစာများကို ပျော်ရွှင်စွာ စားနေကာ ပါးစပ်တစ်ဝိုက်တွင် ပေနေတာကို ကြည့်နေသည်။

ကလေးက သုံးလေးနှစ်လောက်သာရှိပြီး စုတ်ပြတ်နေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားသည်။ ဘယ်လောက်ကြာကြာ ဝတ်ထားတာ မသိနိုင်လောက်အောင် အဝတ်အစားတွေက ညစ်ပတ်နေပြီး ၎င်းတို့ရဲ့ မူလပုံစံကိုတောင် မမှန်းနိုင်ပေ။

သူ့ခန္ဓာကိုယ်က ပိန်လွန်းတော့ အရိုးတွေပဲ ကျန်တော့သည်။ ပေါင်လေးဆယ်လောက်တောင် မရှိကာ စပျစ်သီးနဲ့တူတဲ့ သူ့မျက်လုံးတွေက နက်မှောင်ပြီး အပေါက်ကြီးအဖြစ် ‌ပြောင်းလဲသွားသည်။

နှစ်ရက်ကြာအောင် ဆာလောင်မွတ်သိပ်နေခဲ့ရပြီး ခန္ဓာကိုယ်မှာ ဒဏ်ရာများစွာရှိကာ သွေးထွက်များတောင် ထွက်နေသည်။

ငါးနှစ်ခြောက်နှစ်လောက်ရှိတဲ့ ဖက်တီးပုပ်လေးက သူ့ဆီကို ရောက်လာသည်။

သူက ဝိန်ရွှန့်ဟန်ကို အကြိမ်အနည်းငယ် ကန်ကျောက်ပြီး စိတ်အားထက်သန်စွာနဲ့ ပြောသည်။ "ခွေးကောင် မင်းက ဖေဖေ၊ မေမေ မရှိတဲ့ ခွေးကောင်ပဲ။ မင်းလိုပုံစံနဲ့ စားချင်သေးတယ်။ ခွေးကို ကျွေးရင်တောင် မင်းကို မကျွေးဘူး။"

ဖက်တီးပုပ်လေးရဲ့ နာမည်ကတော့ လျှိုတာ့ချွမ် ဖြစ်သည်။ သူက ဂေဟာမှူးရဲ့သားဖြစ်ပြီး ရတနာတစ်ခုလို ဆက်ဆံခံရပြီး ဝလွန်လုံး ဘောလုံးလိုဖြစ်နေသည်။

မျက်လုံး မှေးကာ လှည့်ပြီး ဘောင်းဘီ ချွတ်လိုက်ပြီးတော့......

ပြင်းထန်တဲ့ ဆီးနံ့က ထွက်လာပြီး လျှိုတာ့ချွမ်က ကောင်လေးလက်ထဲက ခြောက်သွေ့မာကျောနေတဲ့ သက်သက်လွတ်ပေါက်စီကို သေးပန်းလိုက်သည်။

ကောင်လေးက အာဟာရချို့တဲ့မှုကြောင့် အရပ်ပုသည်။ ဒါမှမဟုတ် တစ်ချိန်လုံး အနိုင်ကျင့်ခံနေရတာကြောင့် မခံနိုင်တော့ဘဲ မတ်တတ်ထရပ်ပြီး ခြောက်သွေ့ပြီး မာကျောတဲ့ သက်သက်လွတ်ပေါက်စီကို ထည့်လိုက်သည်။ 

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now