Ch 135

571 53 0
                                    

Ch 135

'အဲဒါ ငါ့ရဲ့ ချစ်ကောကော၊ ငါ့ဟာ" ပိုင်ရှောင်လန်ရဲ့ မျက်လုံးတွေက စူးရှလာသည်။

ပိုင်ချစ်က လွီရှောင်ချာရဲ့ဘေးကို လျှောက်သွားပြီး သူမရဲ့ဆံပင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

"အားချစ်ကောကော အဆင်ပြေရဲ့လား" လွီရှောင်ချာက သူ့မျက်နှာကို ညင်သာစွာ ပွတ်သပ်ကာ ဘယ်ညာကြည့်ကာ သူ့မျက်နှာကို လေးနက်ကြည့်လိုက်သည်။

"ချာချာ ညီမ ဘယ်လို ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ" ပိုင်ချစ်က သူ့မျက်နှာကို တင်းတင်းဆုပ်ကိုင်ထားတဲ့ အမျိုးသမီးငယ်လေးကို ကြည့်ရင်း နှလုံးသားထဲမှာ ချိုမြိန်သွားသည်။

သူက သူမနှုတ်ခမ်းကို နူးညံ့စွာနမ်းလိုက်ပြီး "ချာချာ ညီမရှိနေတာ အရမ်းဝမ်းသာတယ်" လို့ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူမကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားပြီး အစောကြီးကတည်းက ပိုင်ရှောင်လန်ကို မေ့နေပြီဖြစ်သည်။

ပိုင်ရှောင်လန်က တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ထားသည့် လူနှစ်ယောက်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် သူမကို သတ်ရန် အရှေ့တက်လာခဲ့သည်။

အာကာသထဲကနေ ထုတ်ယူလိုက်တဲ့ ဓားမြှောင်ကို အင်္ကျီလက်ထဲတွင် ဝှက်ထားလိုက်သည်။

သူမမျက်နှာ‌ပေါ်တွင် ရက်စက်တဲ့ အပြုံးတစ်ခု ပေါ်လာသည်။ 'လွီရှောင်ချာ ဒါက နင် ငါ့ကို တွန်းအားပေးတာ။ ချစ်ကောကောကို ခိုးသွားတဲ့အတွက် နင်က သေသင့်တယ်'

ပိုင်ရှောင်လန်က ရှေ့မတိုးဘဲ အခန်းထောင့်မှာ ပုန်းနေပြီး သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။

သူတို့လူတစ်စုက တော်တော်လေးအဆင်ပြေတဲ့ ဆိုင်သေးသေးလေးမှာ ရှိနေကြသည်။ ရာသီဥတုက အရမ်းအေးတာကြောင့် ဒီမှာနားဖို့ ဆုံးဖြတ်လိုက်ကြသည်။

"အားချစ်ကောကော ညီမဗိုက်ဆာတယ်။" လွီရှောင်ချာက ဆာလောင်နေတဲ့ ဗိုက်ကို ကိုင်ပြီး ပိုင်ချစ်ကို ဝမ်းနည်းစွာ ကြည့်ကာ သူမရဲ့မျက်လုံးတွင် မျက်ရည်ဝိုင်းနေသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now