Ch 115&116

505 46 0
                                    

Ch 115

တိုက်ပွဲများတွင်ပင် အလွန်အထင်ကြီးစရာ ကောင်းပြီး အားကျဖြစ်မိသည်။ ကံမကောင်းစွာဖြင့် သူ့ကျန်းမာရေးက ညံ့ဖျင်းပြီး အရမ်းအားနည်းကာ မကြာခဏဖျားတတ်သည်။ ဆေးသောက်တာက သူ့အတွက် နေ့စဉ်ပုံမှန်လ်ို ဖြစ်လာသည်။

"အဖေ ကျွန်တော် ဒီမှာပဲ တစ်သက်လုံးနေဖို့ အစီအစဉ် မရှိဘူး။" သူ့အဖေ မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို နားထောင်ပြီးနောက် ပေါ်ရီ့လျန်က ပြောလိုက်သည်။

"မင်းဒီမှာ မနေချင်ရင် ဘယ်နေရာသွားချင်သေးတာလဲ" အဖေပေါ်က မတ်မတ်ထိုင်ပြီး လေးလေးနက်နက်မေးသည်။

"အဖေ ကျွန်တော်က အဖေနဲ့ အခြေစိုက်စခန်းမှာရှိတဲ့ လူအားလုံးကို လော့လင်မြို့ဆီကို ခေါ်သွားဖို့ ပြန်လာခဲ့တာ"

"ရှောင်ရှောင်မှာ အာကာသနဲ့ အထဲမှာ ရှော့ပင်းမောလ်တစ်ခု ရှိတယ်။ လိုအပမတဲ့ အရာတွေနဲ့ အသုံးလိုတဲ့ အရာတွေကို လဲလှယ်လို့ရတယ်။ ပြီးတော့ ရှောင်ရှောင်က အခြေစိုက်စခန်းနဲ့ လဲထညးတယ်။ အထဲမှာ မြေကွက်တွေ ရှိရုံတင်မကဘဲ လူတွေများလာလေလေ အိမ်က တဖြည်းဖြည်း များလာပြီး တဖြည်းဖြည်း ပိုကြီးလာမှာ" ဟု ပေါ်ရီ့လျန်က ပြောသည်။

အဖေပေါ်က မျက်မှောင်ကြုတ်ပြီး ခဏလောက်စဉ်းစားကာ "ဒါက အဲလောက်တောင် ကောင်းတာလား"

"အွန်း!"

"အာ့ဆို ကောင်းပြီ! ဘာပဲဖြစ်ဖြစ် ဒီမှာကျ မျက်နှာချင်းဆိုင်ကလူတွေက မကြာခဏ အနှောက်အယှက်တွေ လုပ်ကြတယ်။ အဲဒီကို ရွှေ့ဖို့က မဖြစ်နိုင်ဘူး လူများတဲ့အတွက် ဖုတ်ကောင်တွေ အများကြီးကို ဆွဲဆောင်မိသွားမှာကို ကြောက်တယ်။" ဟု အဖေပေါ်က ပြောသည်။

ပေါ်ရီ့လျန်က ပြုံးပြီး ပြောသည်။ "အဖေ ဒါကို စိတ်မပူပါနဲ့။ ကျွန်တော်တို့မှာ ဖုတ်ကောင်ဘုရင် ရှိတယ်လေ။ သူသာ ကျွန်တော်တို့အနားမှာ ရှိနေသရွေ့ တခြား ဖုတ်ကောင်တွေက ချဉ်းကပ်ရဲမှာ မဟုတ်ဘူး။"

အဖေပေါ်က ဇွန်ဘီဘုရင်အကြောင်း တွေးပြီး ပါးစပ်ထောင့်ကို လှုပ်ယမ်းလိုက်သည်။ အဲ့ဒီဇွန်ဘီဘုရင်က ဘာလို့ အရမ်းဉာဏ်ကောင်းတဲ့ပုံ မပေါ်တာလဲ။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now