Ch 130

739 54 0
                                    

Ch 130

အစတွင် မက်မွန်သီးလေးက မက်မွန်ပင်ပေါ်တွင် ခုန်တတ်သွားပြီး သူမရဲ့ခန္ဓာကိုယ် တဖြည်းဖြည်း ပြောင်းလဲလာတာကို သတိပြုမိသွားသည်။

ပထမဦးဆုံး မက်မွန်သီးလေးရဲ့ခေါင်းပေါ်ရှိ အစိမ်းရောင်အရွက်နှစ်ရွက်က အစိမ်းရောင်ဆံပင်အရှည်များအဖြစ်သို့ ပြောင်းသွားသည်။ သူမရဲ့ပါးများက ပေါက်စီကဲ့သို့ ဖောင်းဖောင်းလေးအဖြစ် ပြောင်းသွားခဲ့သည်။ သူမရဲ့အသားအရည်က နှင်းဆီရောင်အဖြစ် ပြောင်းသွားသည်။ သူမနောက်ကျောတွင် ချထားတဲ့ အစိမ်းရောင်ဆံပင်ရှည်များဖြင့် သူမက ပိုလိုတောင်ချစ်စရာကောင်းနေသည်။

ထို့နောက် သူမခန္ဓာကိုယ်က တဖြည်းဖြည်း လူသားအသွင်သို့ ပြောင်းလဲသွားသည်။

မက်မွန်သီးလေးက လူသားပုံစံအဖြစ် ပြောင်းလဲသွားပြီးနောက်တွင် မျက်လုံးဝိုင်းကြီးများက မက်မွန်သီးကဲ့သို့ ဝိုင်းစက်နေသည်။

မက်မွန်သီးလေးက ပန်းရောင် မက်မွန်စကတ်ကို ၀တ်ထားသည်။ သူမက အရပ် ၁.၅ မီတာခန့်သာရှိသည်။ သူမက အရမ်းချစ်စရာကောင်းပြီး မင်းသမီးလေးနှင့်တူသည်။

မက်မွန်သီးလေးက သူမရဲ့ဖြူဖွေးနူးညံ့တဲ့ လက်များကို ဆန့်ထုတ်လိုက်ပြီး ၎င်းတို့ကို အထပ်ထပ်အခါခါ ကြည့်နေသည်။

သူမ ဟက်ဟက်ပက်ပက် ရယ်မောရင်း "လူ လူဖြစ်လာပြီ" မက်မွန်သီးလေးက မက်မွန်ပင်အောက်မှာ အကြိမ်အနည်းငယ် လှည့်ပတ်နေပြီး သူမရဲ့စကတ်က လွင့်မျောနေသည်။

"သခင် ကျွန်မ သခင့်ကို အရမ်းချစ်တယ်။"

ဆိုဖာပေါ်မှာ အနားယူနေတဲ့ ဝိန်ရှောင်ရှောင်က မက်မွန်သီးလေးရဲ့ အသံကို ကြားပြီး "နင် ငါ့ကို ကတိပေးထားတာကို မမေ့နဲ့" လို့ ပြောသည်။

ထို့နောက် မက်မွန်သီးလေးနဲ့ အကြင်နာမဲ့စွာ အဆက်အသွယ်ဖြတ်လိုက်သည်။

ဝိန်ရှောင်ရှောင်က အရင်အတိုင်း ဆိုဖာပေါ်တွင်ထိုင်ပြီး ခဏအနားယူပြီးနောက် အဖေပေါ်နဲ့ အမေပေါ်တို့ကို နှုတ်ဆက်ကာ ကလေးတွေကို အနားယူရန် RV ဆီ ပြန်ခေါ်သွားခဲ့သည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now