Ch 155

710 55 2
                                    

Ch 155

သူ မိဘမဲ့ဂေဟာမှာ နေထိုင်လာတာ အနှစ်နှစ်ဆယ်ရှိပါပြီ။ မွေးကတည်းက ဒီမှာနေတာ ဖြစ်သည်။

နှစ်များစွာကြာလာတဲ့အခါ ဂေဟာမှူးနဲ့ တခြားအဒေါ်ကြီးတွေက တဖြည်းဖြည်း အသက်ကြီးလာသည်။

လုဇယ်တွင် ကလေးမျက်နှာနဲ့ ပိန်လှီလှကာ လေတိုက်ရင် လွင့်ထွက်သွားနိုင်ပုံရပြီး အသားဖြူသည်။

ကောင်လေးက အရင်ကတည်းက ကြီးပြင်းလာခဲ့တာ ဖြစ်သည်။

သူက မိဘမဲ့ဂေဟာရဲ့တံခါးကို မျှော်လင့်ချက်များနဲ့ လှမ်းကြည့်နေသည်။

ဒီရက်တွေအတွင်းမှာ သူက လွတ်မြောက်ရန် စီစဉ်နေခဲ့ပြီး ဒီနေ့ညက သူလွတ်မြောက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ 

လုဇယ်က စိတ်ထဲမှာ တိတ်တဆိတ် ကြံစည်နေသော်လည်း ဒီညမှာ သူ့ကို ကြိုဆိုနေမဲ့အရာကို မသိတာ သနားစရာပင်။

ညသန်းခေါင် ကောင်းကင်ယံမှာ ကြယ်တွေရော လရော မရှိပေ။

လုဇယ် သယ်သွားချင်တဲ့ တစ်ခုတည်းသော အရာကတော့ အဝတ်အစား အနည်းငယ်သာ ပါရှိတဲ့ အိတ်သေးသေးလေးပဲ ဖြစ်သည်။

သူ အခန်းထဲက ထွက်လာတော့ အပြင်မှာ တိတ်ဆိတ်နေပေမယ့် ပုံမှန်မဟုတ်တဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။

သူ အခန်းထဲက ထွက်လာသည်နှင့် နှစ်ပေါင်းများစွာ သူနဲ့ အတူနေထိုင်ခဲ့တဲ့ သူငယ်ချင်းတွေက ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။

ပါးစပ်နှစ်ဘက်စလုံးတွင် အစွယ်ချွန်များ ထွက်နေပြီး မျက်လုံးများမှာလည်း ဆင်စွယ်ရောင်ဖြစ်နေပြီး တစ်ကိုယ်လုံးက အပုပ်နံ့များ ထွက်နေပြီး မအီမသာဖြစ်စေကာ အန်ချင်လာစေသည်။ 

တစ်ချက်ကြည့်ပြီးနောက် လုဇယ် သတိလစ်သွားသည်။

ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသိပေမယ့် နိုးလာတဲ့အခါ သူ့မျက်လုံးတွေ ဆင်စွယ်ရောင်ဖြစ်သွားပြီး ပါးစပ်နှစ်ဖက်မှာလည်း ချွန်ထက်တဲ့ အစွယ်တွေ ရှိနေသည်။ သူက တခြားမကောင်းဆိုးဝါးတွေနဲ့ မတူဘဲ သူ့မှာ အသိစိတ်ရှိသည်။

🎉 You've finished reading (Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်း 🎉
(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now