Ch 146

453 44 1
                                    

Ch 146

ညဘက်တွင် လူတိုင်း အိပ်မောကျသွားသည်။ လေထဲတွင် ပုပ်သိုးနေတဲ့ အနံ့မှတပါး ဘာမှမရှိပေ။

"ဟောက်...."

"ဟောက်...."

ညဉ့်နက်သန်းခေါင်တွင် အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသော်လည်း မည်သူမှ မကြားတော့ဘဲ ဝက်များကဲ့သို့ အိပ်ပျော်နေကြသည်။

ဒါဇင်နဲ့ချီတဲ့ ပိန်ပိန်ပါးပါး ပုံသဏ္ဍာန်တွေက ပြေးလာသည်။ နားရွက်ကြီးတွေက ခေါင်းပေါ်မှာ ခွေနေပြီး မျက်လုံးလေးတွေက သိပ်မဝေးတဲ့ ကားတွေဆီကို ပြေးလာနေသည်။

"ဟောက် ဟောက်" ဟူသော အသံက လူကို အတော်လေး စိတ်အနှောက်အယှက်ဖြစ်စေသည်။

ခြေထောက်တိုတို လေးချောင်းရှိကာ အမြီးရှည်ရှည်က အနောက်မှာ လှုပ်ယမ်းနေပြီး အရမ်းစိတ်လှုပ်ရှားနေပုံပေါ်သည်။

"ဘန်း~"

ကျယ်လောင်တဲ့ဆူညံသံကြောင့် ကားအတွင်းမှာ အိပ်နေတဲ့ လူများကို နှိုးလာသည်။ ကားက အရမ်းတုန်ခါသွား၍ မည်မျှပြင်းထန်သည်ကို တွေးကြည့်နိုင်သည်။

ဒီအသံက အနီးအနားရှိ ကားအတွင်းမှာ အိပ်ပျော်နေတဲ့ လူတွေအားလုံးကို လန့်နိုးသွားစေသည်။

လန့်နိုးလာတဲ့သူတွေနဲ့ တိုက်မိခံရတဲ့ကားက ကျားယိုအခြေစိုက်စခန်းက လူတွေပါပဲ။ အဲဒါကို တွေးကြည့်တော့ တော်တော်ကို ကံမကောင်းပေ။

"အား....."

ကျူးတချန်းက ကြောက်လန့်တကြား အော်ဟစ်ကာ ချွေးအေးများ ထွက်လာသည်။ ကားပေါ်ရှိလူများကလည်း တယောက်ပြီးတယောက် လန့်နိုးလာကြသည်။

ကျူးတချန်းရဲ့အော်သံကို ကြားတဲ့အခါ အနီးနားရှိ  ကားထဲကလူများလည်း နိုးလာသည်။ 

အဲဒီနောက်တော့ ချက်ခြင်းပဲ တခြားလူတွေရဲ့ကားကို တစ်ခုခု ဝင်တိုက်လို့ ကြောက်လန့်တကြား အော်ဟစ်ကြသည်။

ကားတိုက်ခံရတဲ့ လူတွေက ထိတ်လန့်တကြား ဖြစ်နေကြသည်။ အပြင်ဘက်မှ ကားကို ဘယ်အရာက ဝင်တိုက်တာလဲဆိုတာ မသိဘဲ အလွန်အစွမ်းထက်တာတော့ သိကြသည်။ အထူးသဖြင့် ညဘက်တွင် စူးစူးဝါးဝါး အော်သံတွေ ကြားနေရပြီး ကြောက်စရာကောင်းတဲ့ လေထုကို ဖန်တီးထားလေသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now