Ch 134
ကျစ်~
ဖုကျန်းစီက တိတ်တိတ်လေး တွေးနေသည်။ ထိုအတွေးကို ရီ့လျန်က သိသွားပါက အရိုက်ခံရမည်မှာ သေချာသည်။ ထိုအချိန်ကျရင် သူက ဘယ်သူ့ကိုရှာပြီး ငိုပြရမလဲ။။အိုက်ချီရှီရဲ့ ရက်စက်တဲ့ မျက်လုံးတွေက ဝိန်ရှောင်ရှောင်နဲ့ ကလေးတွေကို တစ်ခုခုကြံစည်နေသကဲ့သို့ စိုက်ကြည့်နေသည်။
ဝိန်ရှောင်ရှောင်က ထိုအကြည့်ကို ခံစားမ်ိပြီး အိုက်ချီရှီရဲ့ မျက်လုံးထဲတွင် မုန်းတီးမှုနှင့် ရက်စက်မှုကို တွေ့လိုက်ရသည်။
ဝိန်ရှောင်ရှောင်က မျက်မှောင်ကြုတ်ပြီး 'ဒီအမျိုးသမီးက ရူးနေတာ! သူမက ငါ့ကို သိလို့လား! ဘာလို သူမက ငါ့ကို ဒီလိုကြည့်နေတာလဲ'
သူမက ပေါ်ရီ့လျန်အနားကို တိုးပြီး နား,နားကို "အဲ့ဒါက ညီမကို စိုက်ကြည့်နေတာ ဘယ်သူလဲ။"
သူတို့မျက်လုံးကလွဲပြီး လူတိုင်းရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်က မည်းနေတာကြောင့် ဝိန်ရှောင်ရှောင်က ထိုလူကဘယ်သူဆိုတာကို ပိုလိုတောင် ရှုပ်ထွေးသွားစေခဲ့သည်။
"သူမက ကိုယ် မစ်ရှင်ရှိတုန်းက ကိုယ်အတွက် အမေရှာထားတဲ့ စေ့စပ်ထားသူ။ အဲဒီ့နောက်မှာတော့ ကိုယ်က သူမနဲ့ စေ့စပ်ထားတာကို ဖြတ်ခဲ့တယ်။ ဒါပေမယ့် စေစပ်ထားတာ မပျက်ခဲ့ရင်တောင် ကိုယ်က သူ့ကို လက်ထပ်မှာ မဟုတ်ဘူး" လို့ ပေါ်ရီ့လျန်က ပေါ့ပေါ့ပါးပါး ပြောလိုက်တော့ သူ့မျက်လုံးတွေက တည်ငြိမ်မှု မရှိပေ။
'အော့! သူမက အဲ့လိုကြည့်တာ အံ့သြစရာမဟုတ်ဘူး' လို့ ဝိန်ရှောင်ရှောင်က စိတ်ထဲမှာ တွေးလိုက်သည်။
ပေါ်ရီ့လျန်က သူမကို ကိုင်လိုက်ပြီး "သူတို့က ဘာဒုက္ခမှ မပေးနိုင်ဘူး ဒါကြောင့် သိပ်စိတ်မပူနဲ့။"
"အော့!"
"ဘာဖြစ်လို့ မပျော်တာလဲ" ပေါ်ရီ့လျန်က သူမဆံပင်ကို ပွတ်သပ်ရင်း ရယ်ပြီး ပြောသည်။
"မဟုတ်ပါဘူး၊ ညီမက ကိစ္စတချို့ကို စဉ်းစားနေတာ။" ဝိန်ရှောင်ရှောင်က ပြန်ပြောသည်။
သူမက ကိစ္စတချို့ တွေးနေသည်မှာ အမှန်ပင်။ ကလေးတွေရဲ့ မွေးနေ့က ရောက်တော့မှာမို့ ကိတ်မုန့် လုပ်သင့်လား မလုပ်သင့်လားဆိုတာ တွေးနေသည်။
YOU ARE READING
(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်း
AdventureTitle 末世带娃闯天下 Author 柚妃子茶 English Title Surviving the apocalypse with five children English Translator 0003min Ch 151+ Extra 4 (155) MC ဝိန်ရှောင်ရှောင် ML ပေါ်ရီ့လျန် အကြီးဆုံး ဝိန်မို boy ဒုတိယ ဝိန်ဟိန် boy တတိယ ဝိန်ရန် boy စတုတ္ထ...