Ch 136

500 46 0
                                    

Ch 136

"ဖူး~"

ပိုင်ချစ်က ပိုင်ရှောင်လန်ရဲ့ရင်ဘတ်ကို လေဓားဖြင့် ထိုးလိုက်ရာ ပိုင်ရှောင်လန်ရဲ့ပါးစပ်ကနေ သွေးတွေ စီးကျလာပြီး အန်ထွက်လာတာကို တွေ့လိုက်ရသည်။

ပိုင်ရှောင်လန်က ထိတ်လန့်တုန်လှုပ်သွားပြီး ပိုင်ချစ်က သူ့ရဲ့စွမ်းအားကို အသုံးပြုပြီး သူမကို တိုက်ခိုက်တာကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။

ရင်ဘတ်မှာ နာကျင်တာထက် သူမနှလုံးသားက ပိုနာကျင်သွားသည်။

တခြားမိန်းမအတွက် သူက သူမကိုသတ်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပေ။

ပိုင်ရှောင်လန်က အေးစက်နေတဲ့မြေပေါ်တွင် လဲလျောင်းနေပြီး ပိုင်ချစ်က စိတ်လှုပ်ရှားစွာ လွီရှောင်ချာဆီ ပြေးသွားပြီး သူမကို စိုးရိမ်မှုအပြည့်နဲ့ လက်ထဲပွေ့လိုက်တာကို မြင်လိုက်ရသည်။ 

"ရှောင်ချာ နိုးနေ အိပ်မနဲ့နော်" အားနည်းလွန်းတဲ့ လွီရှောင်ချာကိုကြည့်ရင်း အသည်းကွဲသွားသည်။

လွီရှောင်ချာရဲ့လည်ပင်းကို ပ်ိုင်ရှောင်လန်က လှီးဖြတ်ထားပြီး သွေးတွေ တသွင်သွင် စီးကျလာသည်။

လွီရှောင်ချာရဲ့လည်ပင်းရှိ ဒဏ်ရာက သိပ်မပြင်းထန်သော်လည်း လည်ပင်းက အလွန်နုနယ်တဲ့ ဧရ်ိယာဖြစ်သည်။ အနည်းငယ်ပိုနက်ပါက သူမသေဆုံးသွားမည်ဖြစ်သည်။

ဒါပေမဲ့ လွီရှောင်ချာရဲ့ အခြေအနေက သိပ်မကောင်းပေ။

ထို့အပြင် ဝမ်းဗိုက်တွင် ဓားဖြင့် နှစ်ကြိမ် ထိုးခံထားရပြီး သွေးများစွာ ထွက်နေသည်။

အခုအချိန်က ကမ္ဘာပျက်ကပ်ဖြစ်ပြီး လွီရှောင်ချာရဲ့အခြေအနေက အခြေခံအားဖြင့် ဆုံးခန်းတိုင်သွားပြီဖြစ်သည်။

ပြီးတော့ သူမ သတိလစ်နေပြီဖြစ်သည်။

"ချစ်ကောကော အစ်က်ို ဘာလို့ဒီလိုပြောင်းလဲသွားရတာလဲ။ အစ်ကို ညီမကို တစ်သက်လုံးဂရုစိုက်ပြီး ဘယ်တော့မှ မပြောင်းလဲဘူးလို့ ကတိပေးခဲ့တယ်လေ" ပိုင်ရှောင်လန်ရဲ့မျက်လုံးထဲကနေ မျက်ရည်တွေထွက်လာသည်။ သူမမျက်လုံးက မျက်ရည်တွေကြောင့် ဝေဝါးလာပြီး မမြင်နိုင်တော့ပေ။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now