Ch 151 extra

565 43 1
                                    

Ch 151

နေ့ရက်တွေက တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားကာ မျက်စိတစ်မှိတ်အတွင်းမှာဘဲ ငါးနှစ် ကုန်ဆုံးသွားသည်။

သူတို့က အခြေစိုက်စခန်းကနေ အပြင်မထွက်ကြပေ။ ကလေးတွေက အခုအခါ ဆယ်နှစ်ရှိပြီးဖြစ်ခါ ကလေးကြီးများဖြစ်နေသည်။ ကလေးကြီး ဝိန်ရွှန့်ဟန်က အရွယ်ရောက်ပြီး ထက်မြက်တဲ့ လူငယ်တစ်ယောက် ဖြစ်လာသည်။

သူရဲ့နှုတ်ခမ်းများက နီရဲပြီး သွားများဖြူဖွေးကာ ဝိန်ရွှန့်ဟန်ရဲ့ အသွင်အပြင်က ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သည်။ "မြို့သစ်" မှ မိန်းကလေးများက သူ့ကို အလွန်နှစ်သက်ကြပြီး လူတော်တော်များများက သူ့ကို ဝန်ခံကြသည်။

"မြို့သစ်" ရဲ့ တိုးတက်မှုမှာ အရင်အချိန်ကဲ့သို့ပင် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

ကျောင်းတွေ၊ ဆေးရုံတွေ၊ စားသောက်ဆိုင်တွေ၊ စူပါမားကတ်တွေ.... စသဖြင့် ရှိလာသည်။

ဝိန်ရှောင်ရှောင်နဲ့ ပေါ်ရီ့လျန်တို့ရဲ့ အသွင်အပြင် အရင်ကနှင့် မတူတော့ပေ။

အဖေပေါ်၊ အမေပေါ်ရဲ့ ကျန်းမာရေးကလည်း အတော်လေးကောင်းပြီး ဘာရောဂါမှ မရှိပေ။

ချီယန်၊ ဖုကျန်းစီ၊ မန်ချင်းနဲ့ ပေါ်ရီ့ပင်တို့က တစ်ယောက်ပြီးတစ်ယောက် လက်ထပ်ကြကာ သားသမီးတွေ ထွန်းကားပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝမှာ နေထိုင်နေကြသည်။

ဒီနေ့....

ပေါ်ရီ့လျန်က ဇနီးသည်ကို လက်တွဲကာ ပန်းခြံထဲမှာ လမ်းလျှောက်ရန် ခေါ်သွားပြီး သူတို့ရဲ့ဆက်ဆံရေးက ပိုပိုကောင်းလာသည်။

ရံဖန်ရံခါတွင် ပဋိပက္ခသေးသေးလေးတွေ ရှိခဲ့ပြီး အမြဲတမ်း ခေါင်းငုံ့တာကတော့ ပေါ်ရီ့လျန်ဖြစ်သည်။ ဒါပေမဲ့ သူမကို ချစ်တဲ့ပုံကြောင့် လူအများကို မနာလိုဖြစ်စေသည်။

"လျန်လျန် ကျောပိုး" ဝိန်ရှောင်ရှောင်က ပင်ပန်းနွမ်းနယ်နေသလို ခံစားလိုက်ရသည်။ မနေ့ညက သူ့လုပ်ဆောင်ချက်များကြောင့် ဒီနေ့တွင် ခါးနာနေပြီး ပင်ပန်းနွမ်းနယ်နေသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now