Ch 119&120

657 61 0
                                    

Ch 119

"ရှင်.... ဘာလို့ဒီလောက်တောင် အရှက်မဲ့ရတာလဲ"

ပေါ်ရီ့လျန်က သူ့ကို လျစ်လျူရှုထားတဲ့ ဝိန်ရှောင်ရှောင်ကို ကြည့်ပြီး ရုတ်တရက် ဒီလောကကြီးမှာ အချစ်မရှိဘူးလို့ ခံစားလိုက်ရသည်။

"ရှောင်ရှောင် ကိုယ့်ကို လျစ်လျူရှူမှာလား" ပေါ်ရီ့လျန်က ဝိန်ရှောင်ရှောင်ရဲ့အဝတ်အစားတွေကို ဆွဲတင်လိုက်သည်။

ဒါကိုကြားပြီးနောက် ဝိန်ရှောင်ရှောင်ရဲ့ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး "အမ်းး~ ရှင်ဒီလိုပြောရင် ရွံစရာကြီး ကြက်သီးတောင်ထတယ်။"

သူ့မိန်းမ ဒီလိုပြောနေတာကိုကြားတော့ ပေါ်ရီ့လျန်ရဲ့မျက်နှာက အိုးဖင်လို မည်းမှောင်သွားသည်။

"ချစ်လေး တကယ်ပဲ.... တကယ်ပဲ ဒီလိုလုပ်မှာလား။"

ဝိန်ရှောင်ရှောင်က ပတ်ဝန်းကျင်က အအေးဓာတ်ကို ခံစားမိပြီး တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။

မကြည့်မိရင် ကိစ္စမရှိဘူး၊ ကြည့်မိလိုက်တာနဲ့ ထိတ်လန့်သွားသည်။

'အမလေး ဒီလူရဲ့ မျက်နှာက အိုးဖင်လို မည်းလို့ သူ့ပုံစံက ရယ်ရတယ်။" ဝိန်ရှောင်ရှောင်က မထိန်းနိုင်ဘဲ တိုးတိုးလေး ရယ်မောလိုက်သည်။ သူမပုခုံးက တုန်နေပြီး မသိရင် ငိုသလိုဘဲ။

ပေါ်ရီ့လျန်က သူမကို သတိမထားမိတာကို အခွင့်ကောင်းယူပြီး ကြည့်လိုက်သည်။

"မိန်းမ ဘယ်နားက ငိုရလို့လဲ။ ရှင်းရှင်းလင်းလင်းကို ရယ်နေတာ။ ရယ်လွန်းလို့ မျက်ရည်တောင် ထွက်လာတယ်။"

သူ့မျက်နှာက ပိုလိုတောင်မည်းလာသည်။ သွယ်လျတဲ့ လက်မောင်းကို သူမဘက် ဆန့်ထုတ်ကာ သူမမျက်လုံးကို စိုက်ကြည့်ပြီး "ရယ်ရလား" ဟု မေးသည်။

ဝိန်ရှောင်ရှောင်က မသိစိတ်က ခေါင်းညိတ်လိုက်ပြီး "ရယ်ရတယ် ဟားဟားဟား......"

ထို့နောက် ဝိန်ရှောင်ရှောင်က မရယ်နိုင်တော့ဘဲ ဆိုဖာပေါ် တင်းတင်းကြပ်ကြပ် ဖိခံထားရသဖြင့် မလှုပ်ရှားနိုင်တော့ပေ။

"ရှင် ဘာလုပ်တာလဲ" ဝိန်ရှောင်ရှောင်က သူမခန္ဓာကိုယ်ပေါ်က အလေးချိန်ကို ခံစားမိပြီး ဒေါသတကြီးနဲ့ ပြောသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now