Ch 73
နေ့လယ်စာ စားပြီး ခဏအနားယူပြီးနောက် ဝိန်ရှောင်ရှောင်နှင့် ဝူရှောင်ရိတို့က နှုတ်ဆက်ကြပြီး ချိန်ရိက RV ကို ဆက်လက်မောင်းနှင်သည်။
ခရီးစဉ်က အေးချမ်းမှု မရှိပေ။ RV က ဖုတ်ကောင်လှိုင်းလုံးများစွာနှင့် ရင်ဆိုင်ရချိန်တွင် ၁၂ ကီလိုမီတာသာ မောင်းနှင်ရသေးသည်။
အနက်ရောင်မိုး တစ်လနီးပါးကြာ ရွာပြီးနောက် ဖုတ်ကောင်များရဲ့ အမြန်နှုန်းနှင့် တိုက်ခိုက်မှုစွမ်းရည်များက သိသိသာသာ မြှင့်တက်လာသည်။
ဒီဖုတ်ကောင်တွေကို ကိုင်တွယ်ရန် အနည်းငယ်ခက်ခဲလာသည်။ လွန်ခဲ့သည့်လအနည်းငယ်တွင် သူတို့ရဲ့စွမ်းအားများကို အဆင့် ၄ သို့ ရောက်သွားခဲ့သည်။ ပေါ်ရီ့လျန်ရဲ့ သူငယ်ချင်းသုံးယောက်က အဆင့် ၃ တွင် ရောက်နေပြီး ဖေရှီက ခွန်းအားအသုံးပြုသူ ဖြစ်လာကာ အရင်ကထက် နည်းနည်း အားကောင်းလာသည်။
ဒါတောင်မှ ဖုတ်ကောင်များကို ကိုင်တွယ်ရန် ခက်ခဲနေသေးသည်။
စိန်ခေါ်မှုများရှိသော်လည်း ၎င်းက သူတို့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
အသက်ရှုမဝလို့ RV ဆီကို ပြန်လာပြီး ဆိုဖာပေါ်ထိုင်ကာ ရေသောက်ကြသည်။
အပြင်မှာ ရာသီဥတုက အရမ်းပူသည်။ ဖုတ်ကောင်တွေကို အကြာကြီး တိုက်ခိုက်ပြီးတဲ့ နောက်မှာ ပါးစပ်တွေ ခြောက်ပြီး အဝတ်တွေက ချွေးတွေနဲ့ စိုရွှဲနေသည်။
"ဒီရာသီဥတုက တစ်လှည့်စီ အေးပြီး ပူနေတာက တကယ်ကို ခန့်မှန်းလို့ မရဘူး!" ဝိန်ရှောင်ရှောင်က သက်ပြင်းချပြီး အင်အားမရှိသလို ပြောလိုက်သည်။
"ဒါကို ဘယ်သူငြင်းနိုင်မှာလဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရမ်းအေးတယ်၊ အခုကျ အရမ်းပူနေပြီ။" ကျန်းဖုစီက ဆိုဖာပေါ်လှဲချလိုက်ပြီး ပျင်းရိစွာပြောလိုက်သည်။
ပေါ်ရီ့လျန်က RV ပြတင်းပေါက် အပြင်ဘက်ရှိ မြင်ကွင်းကို မသိမသာ ကြည့်နေခဲ့သည်။
အစက အထပ်မြင့် အဆောက်အအုံတွေ ပေါကြွယ်ဝတဲ့မြို့ဟာ ဒီနေ့ခေတ်လို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
YOU ARE READING
(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်း
AdventureTitle 末世带娃闯天下 Author 柚妃子茶 English Title Surviving the apocalypse with five children English Translator 0003min Ch 151+ Extra 4 (155) MC ဝိန်ရှောင်ရှောင် ML ပေါ်ရီ့လျန် အကြီးဆုံး ဝိန်မို boy ဒုတိယ ဝိန်ဟိန် boy တတိယ ဝိန်ရန် boy စတုတ္ထ...