Ch 93&94

646 68 0
                                    

Ch 93

အချိန်တွေကုန်တာမြန်ပြီး မျက်စိတစ်မှိတ်အတွင်း တစ်ပတ်ကုန်သွားသည်။

ဝိန်ရှောင်ရှောင်က ဝူရှောင်ရိကို ရှင်းပြရန် လိုအပ်သမျှကို ပြောပြခဲ့သည်။

နှစ်ရက်လောက်ကြာရင် B မြို့ကို သွားဖို့ ဆုံးဖြတ်ထားသည်။ အချိန်က ဘယ်သူ့ကိုမှ မစောင့်ပေ။

အာကာသထဲကနေ ဝိန်ရှောင်ရှောင်က ဆန်၊ ခေါက်ဆွဲ၊ ဟင်းသီးဟင်းရွက်များနှင့် တခြားပါဝင်ပစ္စည်းများကို ဂိုဒေါင်ထဲ ပြောင်းရွှေ့လိုက်သည်။ အနည်းဆုံးတော့ သူမ မရှိတောင် စားစရာ ရှိသေးသည်။

မျိုးစေ့နဲ့ ပတ်သတ်လျှင် ဝိန်ရှောင်ရှောင်မှာ အများကြီးရှိတာကြောင့် စိုက်ပျိုးရန် ဝူရှောင်ရိနဲ့ တခြားသူတွေကို ပေးလိုက်သည်။ 

ဒီနေရာကို ပြန်လည်ပြင်ဆင်နေတာကြောင့် အပြင်မထွက်ဖြစ်ခဲ့ပေ။

ထိုအချိန်တွင် ပေါ်ရီ့လျန်က သူမကို လှမ်းဖက်လိုက်သည်။ သူ့လှုပ်ရှားမှုများက သဘာဝကျသော်လည်း အနည်းငယ် သတိထားနေသည်။

"တကယ်တော့ ကိုယ်နဲ့ အတူတူ ပြန်သွားစရာ မလိုပါဘူး" ပေါ်ရီ့လျန်က အသံတိုး‌လေးနဲ့ပြောပြီး သူ့ခေါင်းကို ဝိန်ရှောင်ရှောင်ရဲ့ ပခုံးပေါ်မှာ တင်ထားလိုက်ပြီး အနည်းငယ် ရှုပ်ပွသွားသည်။

ပစ္စည်းတွေကို ထုပ်ပိုးနေတဲ့ ဝိန်ရှောင်ရှောင်ရဲ့ လက်တွေက ရပ်တန့်သွားသည်။

ပထမတော့ သူနဲ့ လိုက်မသွားချင်ဘူး။ ပြီးတော့ သူ့နောက်ကို ကလေးငါးယောက်ဘဲ လိုက်ဖို့က အဆင်မပြေပေ။

ပေါ်ရီ့လျန်က ပိုပြီးအားကောင်းလာသော်လည်း ဝိန်ရှောင်ရှောင်က စိုးရိမ်နေဆဲဖြစ်သည်။ ဒါ့ပြင် သူတို့နှစ်ယောက်က တစ်သားတည်းဖြစ်ပြီး လမ်းတွင် တစ်ခုခုဖြစ်သွားပါက သူမကိုလည်း အနည်းငယ် ငြိစွန်းနေမည်။

ဒါ့ကြောင့် သူ့နောက်ကို လိုက်တာ ပိုကောင်းသည်။

အနည်းဆုံးတော့ သူတို့ ဒဏ်ရာရင် သူမရဲ့အာကာသထဲမှာ ဝိညာဉ်စမ်းရေးရေရှိသေးသည်။

ပေါ်ရီ့လျန်က ဝိန်ရှောင်ရှောင် မတုံ့ပြန်သဖြင့် "ရှောင်ရှောင် ကိုယ့်ကို ကြိုက်လား"

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now