Ch 147

445 46 1
                                    

Ch 147

ကျူးတ့ာချန်းက အန္တရာယ်မရှိတော့ဘူးလို့ ခံစားရတာကြောင့် ကားပြတင်းပေါက်ကို အနည်းငယ်ဖွင့်ပြီး ခေါင်းကို ထုတ်လိုက်ကာ မြေပြင်ပေါ်မှာ တောဝက်ဆယ်ကောင် လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေ တောက်ပလာပြီး မသိလိုက်ဘဲ အကြိမ်အနည်းငယ် တံထွေးမြိုချလိုက်သည်။

သူ့ဘေးနားကလူကို တို့ပြီး "အသားစားချင်လား" လို့ မေးသည်။

ကျန်းရွေ့က ညအိပ်ဝတ်စုံကို ၀တ်ထားပြီး အဝတ်ထူထူများဖြင့် ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ပတ်ထားကာ မျက်လုံးမှိတ်ထားရင်း "အိပ်ချင်နေပြီ၊ ဘာစားမှာလဲ၊ ငါအိပ်နေတာကို လာမနှောက်ယှက်နဲ့"

သန်းခေါင်ကျော်နေပြီဖြစ်ကာ ကျန်းရွေ့က တကယ် အိပ်ပျော်သွားတာလား ဒါမှမဟုတ် ဘာဖြစ်တာလဲဆိုတာကို မသိပေ။ စကားပြောပြီးတာနဲ့ သူ အိပ်ပျော်သွားခဲ့သည်။ 

ကျူးတာ့ချန်းက သူရဲ့ မသိနားမလည်သည်ကို မြင်တာကြောင့် "ဟွန့်" ဟု ပြောကာ လျစ်လျူရှုလိုက်သည်။

ပြတင်းပေါက် အပြင်ဘက်ကနေ မြေပြင်ပေါ်တွင် လဲလျောင်းနေတဲ့ တောဝက်ဆယ်ကောင်ကို ကြည့်ပြီး အကြိမ်အနည်းငယ် တံထွေးရင်း ဗိုက်က အသံမြည်လာသည်။

အချိန်အတော်ကြာ သည်းခံပြီးနောက် သည်းမခံနိုင်တော့ဘဲ ကားတံခါးကိုဖွင့်ပြီး ကားပေါ်မှဆင်းကာ ကားတံခါးကို ပိတ်ကာ တောဝက်ဆီသို့ လျှောက်သွားသည်။ တောဝက်ရှေ့တွင် ဒူးထောက်ကာ ခန္ဓာကိုယ်‌ပေါ်က ဓားမြှောင်ကိုယူပြီး တောဝက်ကို အပိုင်းပိုင်း ဖြတ်လိုက်သည်။

ဓားမြှောင်က အလွန်ထက်ပြီး ဝက်ခြေထောက်ကို တစ်ချက်တည်းနဲ့ ဖြတ်လိုက်သည်။

ဖုတ်ကောင်ဗိုင်းရပ်စ် ရှိလား မရှိလားကို တွေးတောင်မတွေးတော့ဘဲ ကိုင်တွယ်ဖြေရှင်းသည်။

ကျူးတာ့ချန်းက သိပ်တော်တာမဟုတ်ပေမယ့် သူ့မှာ ရေနဲ့မီး စွမ်းအားရှိတာကြောင့် တချို့လူတွေကို သူ့ကို မနာလိုဖြစ်ကျသည်။ 

တကယ်တော့ သာမန်လူတွေကလွဲလို့ ဘာမှမဟုတ်တဲ့ ကျူးတာ့ချန်းလို လူတွေရှိသည်။ *သူတို့က အရမ်းရိုးသားပြီး သဘောကောင်းတဲ့ စွမ်းအားရှင်တွေ မရှိကာ မခံစားဘဲ မနေနိုင်ပေ။
(* နည်းနည်း ရွှီးလိုက်တယ်။)

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now