Ch 131

591 49 0
                                    

Ch 131

လျှိုရယ်က သူ့ကို ကြိုးနဲ့ချည်နှောင်ထားသည်ကို နားမလည်နိုင်စွာ တွေ့လိုက်ရသည်။ ကြိုးက အလိုလိုပျံသွားပြီး တင်းတင်းကြပ်ကြပ်ချည်ထားပုံရသည်။ရုတ်တရက် ဘယ်ကနေထွက်လာတာမသိတဲ့ နံစော်နေတဲ့ ခြေအိတ်များက သူ့ပါးစပ်ထဲ ထည့်ထားသည်။

မက်မွန်သီးလေးက သူမရှေ့တွင် ကြိုးတုပ်ခံထားရတဲ့လူတွေကို ပြုံးရင်း ကြည့်ကာ စိတ်အခြေအနေ အလွန်ကောင်းနေသည်။

ဇွန်ဘီဘုရင်ရဲ့မျက်နှာက ဘာအမူအရာမှ မရှိပေ။ သူတို့ကိုကြည့်တဲ့အခါတွင်လည်း ဘာခံစားချက်မှ မရှိပေ။ သူ (ဇွန်ဘီဘုရင်) က သူတို့ကို ကြိုးဖြင့်ချည်ပြီး ဝိန်ရှောင်ရှောင်ဆီ လွှဲပြောင်းပေးကာ များပြားတဲ့ အရသာရှိတဲ့ ဟင်းတစ်နပ်ကို စားရမည်ဟု တွေးလိုက်ရုံဖြင့် သူ့ကို ပျော်ရွှင်စေသည်။

မက်မွန်သီးလေးနဲ့ ဇွန်ဘီဘုရင်တို့က ကြိုးချည်ရမဲ့လူတွေကို ချည်နှောင်ခဲ့သည်။

မက်မွန်သီးလေးက လူသားတစ်ယောက်ဖြစ်လာပြီးနောက် အံ့သြစရာကောင်းလောက်အောင် သန်မာလာခဲ့သည်။ သူမခန္ဓာကိုယ်ကနေ မက်မွန်ပင်အမြစ်တွေ ထွက်လာပြီး လူတိုင်းကို ချည်နှောင်လိုက်သည်။

လူများစွာရှိတာကြောင့် မက်မွန်ပင်အမြစ် တစ်ဒါဇင်ကျော်လောက်က မက်မွန်သီးလေးရဲ့ခန္ဓာကိုယ်ကနေ ထွက်လာသည်။

မက်မွန်သီးလေးက အခုအချိန်တွင် လူသားဖြစ်နေသော်လည်း သူမရဲ့ခန္ဓာကိုယ်က မက်မွန်ပင်သာဖြစ်သည်။ ဒါ့အပြင် သူမက သူမခန္ဓာကိုယ်အတွင်းရှိ မက်မွန်ပင်အမြစ်များကို အလိုအလျောက် ထိန်းချုပ်နိုင်သည်။

ဒီလိုနဲ့ လူဆယ်ယောက် အယောက်နှစ်ဆယ်ကို ခေါ်ပြီး အခြေစိုက်စခန်းကနေ ထွက်လာခဲ့သည်။ လျှို့ရယ်က အလွန်ထိတ်လန့်သွားပြီး စကားမပြောနိုင်တော့ပေ။ အမည်မသိအရာတစ်ခုက လူးလိမ့်နေတာကို ကြည့်ပြီး အလွန်ထိတ်လန့်သွားသည်။

ဝေ့လိုင်အခြေစိုက်စခန်းဂိတ်ပေါက်ကို စောင့်နေတဲ့လူတွေက လေထဲမှာရှိတဲ့ လူတွေကို ကြည့်ပြီး အနည်းငယ် မှင်တက်သွားသည်။ နောက်တော့ မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး ကြည့်လိုက်ရာ လေထဲမှာ လူတွေရှိနေသေးတာကို တွေ့လိုက်ရသည်။ မျက်လုံးကို ထပ်ပြီးပွတ်သပ်ပြီး ကြည့်လိုက်ရာ လေထဲမှာ လူတွေရှိနေသေးမှန်း တွေ့လိုက်ရသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now