Ch 117&118

675 58 0
                                    

Ch 117

ဒါပေမယ့် နေ့တိုင်း ဒါမှမဟုတ် ရက်အနည်းငယ်ကြာတိုင်း လူတော်တော်များများ ဒီကိုလာကြသည်။

ထို့ကြောင့် ဝူရှောင်ရိက သူတို့လုပ်မည့်အရာကို တာဝန်ပေးအပ်ရန် ပင်မတံခါးကြီးဆီ ထွက်လာခဲ့သည်။

အရင်က စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ စပါးတွေက မယုံနိုင်လောက်အောင် မြန်မြန်ဆန်ဆန် ရင့်မှည့်လာသည်။

"ချစ်ကောကော အရှေ့ကိုကြည့်ကြည့် အဲ့တာက အခြေစိုက်စခန်း ဟုတ်တယ်မလား" ထိုအမျိုးသမီးက ပိုင်ချစ်ရဲ့လက်မောင်းကို ပွေ့ဖက်လိုက်ပြီး အသံယီသဲ့သဲ့နဲ့ သူမခန္ဓာကိုယ်ကို သုံးပြီး ပွတ်သပ်နေသည်။

ပိုင်ချစ်က အရှေ့ကို လှမ်းကြည့်လိုက်တော့ မီတာရာနဲ့ချီမြင့်တဲ့  မြို့ရိုးနဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦးတစ်ခုကို တွေ့လိုက်ရသည်။

"သွားကြည့်ရအောင်။ နေ့တိုင်း အပြင်ထွက်ပြီး ဖုတ်ကောင်တွေကို တိုက်ခိုက်ရတာ အရမ်းပင်ပန်းနေပြီ။" မျက်နှာမှာ အမာရွတ်ရှိတဲ့ လူက ပြောသည်။ အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် အဖွဲ့က ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေပြီဟု ခံစားနေရသည်။ သူတို့တွင် နေထိုင်ရန် နေရာမရှိပေ။

ကွမ်ပေါက်အဖွဲ့ရဲ့ ခေါင်းဆောင်က ခေါင်းညိတ်ပြီး ပြောသည်။ "ဒါဆို အထဲဝင်ကြရအောင်။ နေ့တိုင်း အပြင်မှာ သွားနေတာက အဖြေ မဟုတ်ဘူး"

ထို့ကြောင့် ကွမ်ပေါက်အဖွဲ့ဝင်အားလုံးက ရှေ့ကို သွားကြသည်။

ဝူရှောင်ရိက ချိန်ယောင်နှင့် ဖေရှီးတို့နှင့်အတူ အခြေစိုက်စခန်းအထဲကနေ ထွက်လာခဲ့သည်။

ချိန်ယောင်နှင့် ဖေရှီးတို့က သစ္စာစောင့်ဆေးပြားများ ပေးဆောင်ရန် တာဝန်ရှိပြီး ကျန်တစ်ယောက်မှာ ID ကတ်များ ပေးရန် တာဝန်ရှိသည်။

ဝူရှောင်ရိက ဝင်လာသူတွေရဲ့ အမည်၊ အသက် စသဖြင့် ၎င်းတို့ကို မှတ်တမ်းတင်ရန် တာဝန်ရှိသည်။

အချိန်အတော်ကြာပြီးနောက် ဖေရှီးနဲ့ ချိန်ယောင်တို့က ပိုမိုရင်းနှိီးလာသည်။ ထို့ပြင် အခြေစိုက်စခန်းတွင် ရွယ်တူမှာ သူတို့နှစ်ယောက်နဲ့ အနည်းငယ်သာ ရှိသေးသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now